Chapter-9(Unicode)

Start from the beginning
                                    

"ငယ်တုန်းကတော့ ဖြိုးစည်လိုပြည့်စုံတဲ့သူကို လင်းကလည်း စိတ်ကစားခဲ့တာပေါ့၊ ဒါပေမဲ့ အခု လင်းက သူ့ချစ်သူနဲ့သူရှိနေပြီဆိုတော့ လင်းဘက်က စိတ်ရှင်းနေပါပြီ၊ ဖြိုးစည်ဘက်ကတော့ မမလည်း မပြောတတ်ဘူး၊ သူ့စိတ်က ခန့်မှန်းရခက်တယ်"

လင်းထက် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားမိသည်။

ထို့နောက်အလုပ်ရှိ၍ အစ်မမေသဇင် နှုတ်ဆက်ပြီး ထသွားသည်ကိုပင် သေချာပြန်မနှုတ်ဆက်နိုင်။ ကျိန်းသေပါသည်။ ထိုလူကြီးက မမကိုချစ်နေတုန်းပဲ။ ဒါကြောင့် မမမောင်ဖြစ်တဲ့သူ့ကို သည်လို ဂရုစိုက်တာပေါ့။

လည်ချောင်းဝ၌ တစ်ဆို့လာသည့် ခံစားချက်က ပေါက်ကွဲမှုကို လိုနေသလို။ ဝေဝေဝါးဝါးနာကျင်မှုတို့၏အဖြေမှာ မမ မဟုတ်တာ​တော့ ကျိန်း​သေသည်။ ဤသို့ဆိုလျှင်...။

အသက် ၂၂ အရွယ်လူငယ်တစ်ယောက်အနေဖြင့် မိမိခံစားမှုကိုမိမိ အဓိပ္ပါယ်ဖော်တတ်နေပါပြီ။ သဘောကျသည်ထက်ပိုသော ခံစားချက်တစ်ခု ထိုလူကြီးအပေါ်၌ လင်းထက်ရှိနေသည်မှန်း ရိပ်မိသိရှိလိုက်သည်။

အားကျလေးစားသည့်စိတ်က အချစ်အဖြစ်ပြောင်းလဲနိုင်ရဲ့လား။

မည်သည့်အတိုင်းအတာအထိချစ်နေလဲဆိုသည်မှာ မည်သည့်အတိုင်းအတာထိနာကျင်လဲဆိုသည်နှင့် တိုက်ရိုက်အချိုးကျသည်ဟု လင်းထက် ထင်သည်။ ယခု လင်းထက် နာကျင်နေသည်။ ခန္ဓာကိုယ်ပြင်ပမဟုတ်သည့် ရင်တွင်းနာကျင်မှုက မည်မျှခံရခက်သလဲ ကိုယ်တွေ့နားလည်လိုက်သည်။ ဆိုရလျှင် အချစ်ဆိုသည့် ဝေါဟာရကြောင့်ရသော နာကျင်မှုကို လင်းထက် စတင်မြည်းစမ်းခဲ့ဖူးပြီ။

လင်းထက် ဦးဖြိုးစည်လင်းသူကို ချစ်နေသည်။ လက်မခံနိုင်သော်လည်း ထိုအရာက အမှန်တရားဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သိသည်။

လင်းထက် ငယ်စဥ်က စိတ်ကူးယှဥ်ခဲ့ဖူးသော ချစ်ခြင်းမေတ္တာသည် နူးညံ့သိမ်မွေ့ကာ လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ယခု လင်းထက် လက်တွေ့ရင်ဆိုင်လိုက်ရသော ချစ်ခြင်းမေတ္တာသည် နူးညံ့သိမ်မွေ့မှုကင်းမဲ့သော ယောက်ျားသားတစ်ဦးဖြစ်လေသည်။ ထို့ပြင် ထိုယောက်ျားက လင်းထက်၏ အစ်မကို ချစ်ခဲ့ဖူးသည်တဲ့။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now