Sizyတစ်ယောက် Suzyကိုလက်ဆွဲပြီး အမြန်
ပြေးထွက်ခဲ့ရသည်~~~။

*ဟင့်အင်း မဟုတ်ဘူး~~~တောင်းပန်ပါတယ် Gun
တောင်းပန်ပါတယ် P tay~~*

"အား!!!!"

ထွက်သွားသော ဆေးရုံကားကိုကြည့်ပြီး New
အော်ဟစ်ကာနံရံကိုထိုးနေမိသည်~~~။ထို့နောက် ဘယ်သူမှမလာခင် တုန်တုန်လှုပ်လှုပ်ဖြင့် လှေကားက ပြေးဆင်းလာ
ခဲ့သည်~~။

Flash back end
---------------------
"ဟင်း~~ကျွတ် ကျွတ်~~"

"Tayနိုးပြီလား!!!"

ကုတင်ပေါ်က Tayကို Brightလှမ်းမေးလိုက်သည်~~။
ထို့နောက် ပေါင်ပေါ်ကWinခေါင်းကို ဖြည်းဖြည်းချင်းဆိုဖာကို ချအိပ်စေလိုက်သည်~~~။

ငုတ်တုပ်ထိုင်ရန် ပြင်နေသောTayကို ကူညီပေး
လိုက်သည်~~။

"ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် ခနစောင့်"

Tayကမျက်လုံးမဖွင့်သေးဘဲ ခေါင်းကိုဖိထားပြီးသား
ငြိမ့်ပြသည်~~။Brightလဲ အခန်းဝက ဆရာဝန်ခေါ်တဲ့
Bellကိုနှိပ်လိုက်တော့ ခနနေတော့ ရောက်လာသည်~~~။

"ခေါင်းမူးတာတွေရှိသေးလား?"

"ထုံနေတယ်~~"

"အဲ့တာ ချုပ်ထားလို့ ဖြစ်တာပါ ဆေးတော့သောက်ရဦးမယ်
အချိန်ကြာကြာလည်းအနားယူသင့်တယ် အခုဆေးပေးခဲ့မယ် တစ်ခုခုစားပြီးသောက်လိုက်ပါ~~~"

"kha~~"

ဆရာဝန်ကပြောပြီး ထွက်သွားလေသည်~~~။
တစ်ခုခုစားပြီး ဆေးသောက်ရမယ်ဆိုမှ တစ်ခုခုသွားဝယ်တဲ့လူက ခုထိပြန်မလာသေးပေ~~။

Tayကတော့
ဟိုဘက်ကုတင်ကကောင်လေးကိုခုမှ မြင်သည်ထင်။
ကြောင်တောင်တောင်နှင့်ကြည့်နေသည်~~~။

"သူဘာဖြစ်သွားသေးလဲ?"

"စိတ်မပူပါနဲ့ သူဘာမှမဖြစ်ပါဘူး မင်းသွေးထွက်လွန်နေလို့
သူသွေးလှူထားတာပါ အဲ့ဒါကြောင့် ပင်ပန်းပြီး အိပ်နေတာ~~"

"သြော် သွေးတူတာလား~~"

Tayကအရင်ထဲက ဆေးရုံစာမစားတတ်တာကြော
Offကိုစောင့်နေပြီး ဟိုဘက်ကုတင်သို့ မျက်နှာမူကာ
ပြန်လှဲနေသည်~~။

F4( GMM Version)Z/UWhere stories live. Discover now