Say you love me 2

Bắt đầu từ đầu
                                    

( ချစ်တဲ့သူ မင်းဟာလည်း ဘုရားပေးတဲ့ ဆုပါပဲ ××× အိုး မရှိမဖြစ်ဘူး ××× မင်း ငါ့အသည်း ငါ့အချစ်ပဲ မင်းလေးဟာ ငါ့အတွက်ပဲ ××× လွန်တယ်လို့ မင်းမထင်နဲ့ )

လွမ်းလတ်နောင့်အသံမှာ စိတ်ပျက်အား‌လျော့ခြင်းတို့ ကိန်းအောင်းနေ၏။ ဦးက ဘာကြောင့် သူ့ကို ပြန်မချစ်ရတာလဲ။ သူတို့ကြား ဒီလောက် သံယောဇဉ်တွေ ရှိနေလျက် ဘာကြောင့် ကူးပြောင်းဖို့ ခက်နေရသလဲ။

"သားရေ။ အသီး လာစားဦးလေ။"

"တော်ပြီ မေမေ"

"လာပါဦး သားရဲ့။ သတင်းထူး ပြောစရာရှိလို့။"

တွင်တွင်ငြင်းနေသော်လည်း ဖေဖေကပါ ခေါ်နေတော့ စူပုတ်ပုတ် မျက်နှာနှင့်ပင် အိမ်ရှေ့သို့ ထွက်ခဲ့လိုက်သည်။ စားပွဲခုံပေါ်က ပန်းသီးစိတ်တွေကိုလည်း စားချင်စိတ် မရှိသည်မှာ အဖျားကြောင့်ဟု မထင်။

"ဘာသတင်းလဲ မေမေ"

"တီဝေ မင်္ဂလာဆောင်တော့မယ်တဲ့"

"ဗျာ ! ဘယ်သူနဲ့လဲ"

နီးစပ်ရာ ခုံတစ်ခုံကို လွမ်းလတ်နောင် ဆွဲထိုင်မိလိုက်သည်။ မေမေ ပြောတာ မှန်ကန်ကြောင်း သေချာစွာ ဖေဖေက ခေါင်းညိတ်နေ၏။

"အစိုးရ အရာရှိတစ်ယောက်ပဲ။ မြစ်ကြီးနားမှာ တာ၀န်ကျတယ်။ အဲ့မြို့သား။ မင်္ဂလာပွဲပြီးရင် တီဝေက အဲ့ကိုလိုက်သွားရမယ် ထင်တယ်။"

"ဘယ်တော့လုပ်မှာလဲ မေမေ။ တီဝေက သားတို့ကိုလည်း မပြောပြဘူး။"

"နောက်တစ်ပတ်ထဲမှာ လုပ်ဖြစ်လောက်တယ်။ အကျဉ်းရုံးပြီး ရုံးတက်လက်မှတ်ထိုး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်မယ်တဲ့။"

နဂိုကတည်းက စူပုပ်နေတော့ လွမ်းလတ်နောင့် မျက်နှာက ပိုပုပ်သွားရသည်။ တလောကလုံး သူ့ကို ဘယ်သူမှ မလိုကြတော့ပြီပဲ။

"သားလတ်က တီဝေ့ကို နှမြောနေတာလား"

"ကိုလတ်ရာ။ တီဝေကလည်း ပုထုဇဉ်ပဲ။ ငါတို့အနားမှာ အမြဲတမ်း ဘယ်ရှိပါ့မလဲ။"

အားလုံးက အခုမှ မြင်သွားကြပြီး ဝိုင်း၀န်းနှစ်သိမ့်ကြသည်။ လွမ်းလတ်နောင်ကတော့ နှာတရှုံ့ရှုံ့။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ