"တော်စမ်းပါ ရှင့်စကားတွေကို ၇၀ကျော်အဘွားကြီးကိုပြောမဲ့အစား ရှင်ငွေပေါက်ဝယ်လို့ရမဲ့မိန်းမတွေကိုပြောပါ..."
"ဆရာ လိုရင်းကိစ္စကိုသာပြောပါတော့ အချိန်မရတော့ဘူး..."
"အေးပါ..."
"ဘိုးဘွားပိုင်ကျမ်းစာအုပ်ဆိုရင်တော့ ပြန်လိုက်ကြပါတော့ ဘယ်လောက်ပေးပေးမရောင်းနိုင်ဘူး ကျွန်မတို့ဘိုးဘွားပိုင်တဲ့ တစ်ခုတည်းသောအရာပါ..."
"ဒီကျမ်းစာက ဘာတွေအကျိုးသက်ရောက်လဲ ခင်သိလား..."
"ဘာအတွက်သိရမှာလဲ... ရှင့်လို အတ္တသမားတွေက ရှေ့ဟောင်းအနုပညာကို ချစ်တတ်ယောင်ယောင်နဲ့ အပေါ်ယံခြုံထားတဲ့ လောဘသမားတွေပါ ကျမ်းစာအကျိုးသက်ရောက်ပုံကိုမေးနေတာ ရယ်ချင်သေးရဲ့🙂..."
"မူရင်းကျမ်းကို မရောင်းနိုင်ရင်တောင် ခဏတော့ငှားပါခင်ရယ် ကိုယ့်မြေးလေး ကျိန်စာကြောင့် သေရပါတော့မယ်..."
"ဘယ်လို မဖြစ်နိုင်တာ မူရင်းစာအုပ်ထဲ မန္တန်မရှိဘဲ ဘယ်လိုမှကျမ်းစာထဲက ကျိန်စာတွေ အသက်မဝင်ပါဘူး😳..."
"ခင်တို့ ဘုန်းကြီးတစ်ပါးကို ကျမ်းစာရောင်းလိုက်တယ်ဆို..."
"ဟုတ်တယ် ရောင်းတာမဟုတ်ဘူးလှူလိုက်တာ အဲ့ထဲကမန္တန်ကအကာကွယ်လုပ်ထားတာ ဘယ်လိုမှကျိန်စာနှိုးထလာတာမဖြစ်နိုင်ဘူး🤨..."
"အဲ့ဘုန်းကြီးက မြေးကိုကယ်ပေးနေတဲ့ ဘုန်းကြီးပါ... ယုံကြည်ပြီးတော့ ကျမ်းစာလေး ငှားပေးပါကွာ..."
"ယုံကြည်ရမယ်ဆိုဘဲ... ထားပါတော့လေ အသက်ဆိုတာ ကစားကောင်းတဲ့အရာမှမဟုတ်ဘဲ မူရင်းကျမ်းစာက လွယ်လွယ်တော့မရနိုင်ဘူး... အရမ်းအန္တရာယ်ကြီးမားတဲ့ကိစ္စဖြစ်မှာမလို့ တော်ရုံလူကိုင်တွယ်ခွင့်မရှိဘူး..."
"ဒါဆို ကိုဘယ်လိုကိုင်တွယ်ရမလဲ..."
"ကျွန်မမြေး မှူးဝဿန်ကိုခုသွားခေါ်ပေးပါ..."
"ဘယ်သွားတာလဲ..."
"သူ့အမေနဲ့ ပင်စင်လစာသွားထုတ်နေတယ် ရှင်အချိန်မှီစေချင်ရင် မြေးကိုသွားခေါ်ခဲ့... မူရင်းကျမ်းကို တော်ဝင်ဆက်ခံထားတဲ့ ထိန်းသိမ်းသူကလွဲ ကျန်တဲ့သူကိုင်မိရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ကုန်လိမ့်မယ်..."
ВЫ ЧИТАЕТЕ
Meow
Фэнтези(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...
Meow-24
Начните с самого начала