အပိုင်း - ၄

Start from the beginning
                                    

သူပြောနေရင်းနဲ့ လင်ရှန်းစားပွဲခုံပေါ်ကို လှမ်းကြည့်လိုက်တယ်။

လင်ရှန်းရဲ့စာမေးပွဲစာရွက်မှာ အဖြေတွေနဲ့တောင် ပြည့်နေပြီ။

ဒါပေမယ့် သူတို့တွေကိုပေးထားတဲ့ အကြမ်းစာရွက်ကိုတော့ ဘယ်လောက်မှတောင်မသုံးရသေးဘူး။

လက်ရှိ အကြမ်းစာရွက်ပေါ်မှာ စာလုံးကြီးသုံးလုံးသာရှိနေတယ်...

"STT!"

စုတျန်းတျန်း?!

မော့ကျူးချန်ရဲ့အကြည့်တွေက ရေခဲဓားသွားလိုမျိုး ထက်မြလာပြီး လင်ရှန်းဆီကို အေးစက်စွာ ပစ်လွှတ်တော့တယ်။

ဒီကောင်က ခုထိ စုတျန်းတျန်းကို လက်မလျှော့သေးဘူးဆိုတာကို သူမယုံနိုင်သေးဘူး!

မော့ကျူးချန် လက်တစ်ဖက်ဆန့်ကာ လင်ရှန်းရဲ့အကြမ်းစာရွက်ပေါ်ကို "ဖြောင်း!"ခနဲ ဖိချလိုက်တယ်။

ထို့နောက် မျက်လုံးပင့်ကာ သူ့ကို အေးတိအေးစက်စိုက်ကြည့်နေတော့တယ်။

"မော့ကျူးချန်!" သူ့ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဆွေးနွေးစရာရှိတဲ့ကိစ္စလေးတွေ ခုလေးတင်မှ လီရှုချန်းဆွေးနွေးပြီးသွားတာဖြစ်တယ်။

သူပြန်လှည့်လိုက်တယ်ဆိုရင်ပဲ သူ့အတန်းထဲက နောက်ထပ်ပိုပြီးတော့တောင် ကိုင်တွယ်ရခက်ပြီး မတရားကိုပြဿနာရှာတတ်လွန်းတဲ့ နောက်ထပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မော့ကျူးချန်က လင်ရှန်းနဲ့အတူ ပူးကပ်ပြီးထိုင်နေတာကို တွေ့လိုက်ရတယ်။

"ဘာလုပ်နေကြတာလဲ?" လီရှုချန်း မျက်မှောင်ကြုတ်လိုက်တယ်။

စီနီယာအထက်တန်းကျောင်းသားနှစ်ယောက် တစ်ယောက်က 1.8မီတာရှည်ပြီး နောက်တစ်ယောက်ကလည်း အရမ်းအပုကြီးထဲမှာမပါဘူး။

လင်ရှန်းရဲ့ ဘယ်လောက်မှမကျယ်တဲ့တစ်ယောက်ထိုင် ထိုင်ခုံလေးမှာ ဒီလိုကြီးပူးကပ်ထိုင်နေတာက...

ကြည့်ရတာ တမျိုးကြီး။

"မင်းနေရာမင်းပြန်ထိုင်ပြီး ကိုယ့်ဟာကိုယ်ဖြေ!" လီရှုချန်း ကြိမ်းမောင်းလိုက်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now