Part 11

2.3K 349 12
                                    

"bossစုံစမ်းခိုင်းထားတဲ့ ကောင်လေးရဲ့အကြောင်းသိခဲ့ပါပီ"

"အွန်း ပြောကြည့်"

"သူ့တို့ မိသားစုက လေးယောက်ရှိပါတယ်၊သူ့မှာ အမတျောက်ရှိပီး သူ့အဖေက တရားသူကြီး....."

"ဖုန်း💢"

ရောင်စဉ်တန်း(နေသွေးခရဲ့ လူယုံ)စကားမဆုံးခင် နေသွေးခ စားပွဲပေါ်မာရှိတဲ့ ဖိုင်တွဲကို ရောင်စဉ်မတ်တပ်ရပ်နေတဲ့ အခန်းထောင့်ဘက်က်ု ဒေါသတကြီး ပစ်လွှင့်လိုက်သောကြောင့် ရောင်စဉ်လန့်သွားပီးပြောလက်စစကားလို့ ရပ်တန့်သွားသည်။

"မင်း ငါ့အချိန်တွေကိုလာဖြုန်းနေတာလား ဟမ်😠"

"Bossဘဲ ဟိုကောင်လေးအကြောင်း....စုံစမ်းခိုင်း"

"တိတ်စမ်း ဆင်ခြေလာမပေးနဲ့ မင်းကိုငါဘလိုမှာလိုက်လဲ မင်းသေချာနားထောင်ထားရင် သိမာပေါ့"

"ဟုတ်ကဲ့ သိပါတယ်၊မင်းခြွေရံအနားမာရှိတဲ့ ကောင်လေးအကြောင်းစုံစမ်းခိုင်းတာပါ"

"မင်းပါးစပ်ပိတ်ထား မင်းကိုဘယ်လောက်မေးမေး ဒ‌ီအဓိပ္ပါယ်ဘဲ ထွက်လာမာ၊ဒီတစ်ခါ ငါပြောတာကို သေချာနားထောင်"

"ဟုတ်ကဲ့ boss"

"မင်းခြွေရံနဲ့ သူ့အနားကကောင်လေးအကြောင်းကို သေချာစုံစမ်းခဲ့၊အတိအကျပြန်ပြောမယ် သူတို့နှစ်ယောက် ပတ်သတ်မှူကို သေ ချာ စုံ စမ်း ခဲ့၊ဟုတ်ပီလား"

"ဟုတ် ဟုတ်ကဲ့ boss"

ရောင်စဉ်တျောက် နေသွေးခဒေါသထွက်ရင် ‌သူ့မာနေဆျာနေရာမရှိအောင် ကြောက်ရသည်။ထို့ကြောင့် အခန်းပြင်ကို မြန်မြန်ထွက်ရဖို့သာ အလောကြီးနေသည်။အခန်းတံခါးဖွင့်ပီး ပြေးမည်ပြင်ချိန်တွင်

"နေဦး ဒီတစ်ခါအမှားလုပ်ခဲ့လို့ကတော့ မင်း ဘာဖြစ်သွားမယ်ဆိုတာ သိတယ်မလား ပီးတော့ အချိန်က ဒီနေ့ညနေအထိဘဲ‌ဏော် ငါပေးတဲ့အချိန်အတွင်း မစုံစမ်းနိုင်ရင် မင်းဘဝ ရေစုန်မျောပီလို့သာ မှတ်လိုက်တော့"

"ဟုတ်ကဲ့ပါ boss၊ကျတော် ကြိုးစားပ့မယ်"
.....................................................
"ညီ ပင်ပန်းနေပီလား"

Tom&Jerry♥️Where stories live. Discover now