Part 7

2.4K 209 2
                                    

ဒီနေ့ ပထမဆုံးအလုပ်ရဲ့ ပထမဆုံးနေ့ဆိုတော့ ညီ စိတ်နဲနဲလှုပ်ရှားနေသည်။မနေ့ညက အိမ်ကိုလိုက်ပို့ရင်းကိုဇွဲမာန်က ဒီနေ့မနက် လာကြိုမယ်လို့ပြောထားတာကြောင့် ညီဧည့်ခန်းထဲမာ holdall(ခရီးဆောင်အိတ်)နှစ်လုံးနဲ့ ထိုင်စောင့်နေသည်။မေမေ၊မမချယ်နဲ့ခတ္တာညိုတို့ကလည်း ညီ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်မာထိုင်နေကြသည်။
သူတို့ကိုတော့ ဘာအလုပ်ဆိုတာရေရေရာရာမပြောထား။အခု ညီကမင်းသားမင်းခြွေရံအိမ်မာ အလုပ်လုပ်မယ်ဆိုတာသာ သိသွားလို့ကတော့ နောက်ကနေ ရထားတွဲလိုတန်းစီပီးပါလာမာအမှန်၊ထို့ကြောင့် ညီအဖြစ်မှန်ကိုမပြောပြရဲပါ။

*ကျွီ့*
အိမ့်ရှေ့မာ ကားရပ်သံကြားတာကြောင့် ညီ‌ ဒေါ်မြဖြူဘက်ကိုလှည့်ပီး

"လာကြပီထင်တယ် သားသွားတော့‌မယ်ဏော် မေမေ"

ညီ အိတ်နှစ်အိတ်ကို တစ်ဖက်စီဆွဲပီး အိမ်ပြင်ထွက်မည်အလုပ် ဒေါ်မြဖြူ မတ်တပ်ထရပ်လိုက်ပီး

"မေမေတို့ ခြံဝထိလိုက်ပို့ပေးမယ်လေ"

"ရပါပီ အမေရဲ့၊သား ကိုယ့်ဘာကိုသွားလိုက်ပါ့မယ်"

"လာပါသားရဲ့၊သမီးကြီး နိမောင်ရဲ့အဝတ်အိတ်သယ်ခဲ့"

ညီလိုက်ပို့ဖို့ကိုငြင်းပေမဲ့ ဒေါ်မြဖြူက ညီ့လက်မောင်းကနေဆွဲပီး အိမ်ရှေ့ခြံဝကိုအတင်းလိုက်ပို့တော့သည်။ညီ့စိတ်ထဲမာတော့ ဆုတောင်းနေမိသည် ဟို မင်းခြွေရံဆိုတဲ့အကောင် မပါပါစေနဲ့လို့။ပါလာရင် အမေနဲ့အညိုမရဲ့အိ‌န္ဒြေရှိမှုကြောင့် ညီအရှက်ကွဲမာအမှန်🤧

"ကိုဇွဲမာန် တျောက်ထဲလား"

"အွန်း ဟုတယ်၊ရံရံက......"

"ရပီ ဆက်မပြောနဲ့တော့၊အိတ်တွေထည့်ပီးပီဆိုတော့ သွားကြစို့လေ ဟင်းဟင်း"

ကိုဇွဲမာန် စကားပြောလို့မဆုံးခင် ညီ ကိုဇွဲမာန်ပါးစပ်ကို လက်နဲ့လှမ်းအုပ်လိုက်ပီး စကားကိုကြားဖြတ်ပြောလိုက်သည်။ကိုဇွဲမာန်ကတော့ ကြောင်တောင်တောင်နဲ့ ညီ့ကိုကြည့်နေသည်။

"အော် အင်းပါ အာ့ဆိုလည်းသွားစို့လေ"

ပြောပီး ကိုဇွဲမာန် ကားထဲဝင်သွားသည်။ညီလည်း သူ့အမေနဲ့ သူ့အမတွေကိုနှုတ်ဆက်ပီး ကားထဲဝင်ထိုင်လိုက်သည်။

Tom&Jerry♥️Where stories live. Discover now