Part - 1 (Unicode)

Start from the beginning
                                        

"အေး အဲ့တာကြောင့်မို့လို့လည်း ခက်နေရတာ
ညကျရင်လည်း ကလပ်ကို သွားဖြစ်အောင်
သွားသေးတာ မလွယ်ဘူး အဲ့ကောင်က"

Ring Ring~~

"ဟယ်လို"

"Tay ဟိုမင်းသားဆိုတဲ့အကောင်ကို ပြောပေး
စမ်းပါ ငါ့ရေခဲတွေ လာလာမယူပါနဲ့လို့ အခု
ငါ cctv ကနေရှာလိုက်မှ သူမှန်းသိရတာ"

Mew..အသက် ၂၉ နှစ် နာမည်ကြီးကုမ္ပဏီ
ပိုင်ရှင်တစ်ယောက်ဖြစ်သလို ကျွန်တော့်တို့
ကုမ္ပဏီရဲ့ ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်
တယ် ပြီးတော့ ကုမ္ပဏီရဲ့တစ်ဦးတည်းသော
ရေခဲလိုလူသား singto နဲ့အရင်ခင်တာဆို
ပေမဲ့ နောက်ကျတော့ ကျွန်တော်တို့နဲ့ပါ သူငယ်ချင်းဖြစ်သွားကြတယ်လေ တစ်ခုခုဆို
ဘာမှမသိသလို အမြဲတမ်းချိုချိုသာသာနဲ့ စိတ်
ရှည်သည်းခံတတ်ပေမဲ့ မထင်ရင်မထင်သလို
ဒေါသကြီးတတ်တယ် ကမ္ဘာအချွဲဆုံးလူသား
ဆိုလည်း ဟုတ်တယ် အော် အဲ့ဖိုးသခွားမှာ
ရည်းစားမရှိဘူးနော်..

"အေး ဟုတ်ပါပြီ Bright ကို ငါခုချက်ချင်း ပြောလိုက်ပါ့မယ် မင်းကလည်း ငါတို့ကုမ္ပဏီ
အောက်ဆုံးထပ်မှာ ကော်ဖီဆိုင်ရှိတဲ့ဟာကို သွားဝယ်လိုက်တာ မဟုတ်ဘူး ကပ်စီးကလည်း
နည်းနေလိုက်တာ ညီအစ်ကိုအချင်းချင်းကို"

Bright..အသက် ၂၃ နှစ် ကုမ္ပဏီရဲ့ ပင်တိုင်
အဆိုတော်မင်းသားတစ်ယောက် တက်သစ်စ
မင်းသားဆိုပေမဲ့ သရုပ်ဆောင်ကလည်း
ကောင်း၊ ရုပ်ကလည်းချောဆိုမှတော့ မိန်းက
လေးတွေကြားမှာ ရေပန်းစားနေတဲ့သူပေါ့..
အရမ်းချေတတ်လွန်းပေမဲ့ စကားပြောရင် ပွင့်
ပွင့်လင်းလင်းရှိတဲ့သူမို့ ရှင်းလိုက်ရတဲ့ ပြဿ
နာတွေကလည်း မနည်းမနော ခုနပြောခဲ့သလို
သူက ချေမိုးတွေရွာချလွန်းလို့ သူနဲ့တွဲတဲ့ ကောင်မလေးတွေဆို တစ်ပတ်တောင်မခံဘူး
တစ်ခါတစ်လေဆို singto နဲ့ပေါင်းပြီး တစ်ခု
ပြီးတစ်ခု လိုက်လိုက်မွှေနေတာ ပေါင်းထားလို့
မဖြစ်ဘူး..

"အဲ့တာဆိုရင်လည်း ပြီးရောလေ ဒါပေမဲ့ ခုန
ဟာကိုတော့ သူ့ကိုပြောဖြစ်အောင် ပြောလိုက်
နော် အခုတော့ ငါကော်ဖီဆိုင်လစ်လိုက်အုန်း
မယ် bye~"

Gotcha (Uni+ZG)Where stories live. Discover now