Part - 1 (Unicode)

631 77 22
                                        

တိတ်ဆိတ်ငြိမ်သက်လွန်းသည့် မြေအောက်
ခန်းတစ်ခု။ ဝင်လာသော လူတစ်ယောက်၏ ဖိနပ်သံသာ ကြားရသည်အထိ တိတ်ဆိတ်လွန်း
လှသည်။ ထိုလူဟာ သူ့အရှေ့မှာ ဖမ်းချုပ်ခံ
ထားရတာတောင် အဲ့စူးရှမှုတွေအပြည့်ဖြစ်နေ
သည့် မျက်လုံးအရောင်ဟာ မပြောင်းသေး။ သူအမုန်းဆုံးဖြစ်တဲ့ အဲ့အစိမ်းရောင်မျက်လုံး
တွေဟာ ခုထိကြောက်ရွံဟန်မရှိ။ သူ့ကိုတောင်
ပြန်စိုက်ကြည့်နေလိုက်သေးသည်။

"မင်းသိလား မင်းကိုဘယ်သူ့မှ မှတ်မိတော့မှာ
မဟုတ်ဘူး ဘာလို့ဆို မင်းနေရာမှာ ငါဖြစ်သွား
ပြီလေ Mafia တွေရဲ့ခေါင်းဆောင်က မင်း
မဟုတ်တော့ဘူး ငါဒီနေ့ကို စောင့်နေခဲ့တာ ကြာပြီ အဲ့နေ့က သေချာပေါက် မင်းကိုငါ့လက်
နဲ့ကိုယ်တိုင် သတ်ရမဲ့နေ့လေ ဒါပေမဲ့ စိတ်
ပျက်စရာပဲနော် မင်းကသေမှာမကြောက်တဲ့
လူဆိုတော့ ငါကြားချင်လှပါတယ်ဆိုတဲ့ ငါ့အသက်ကိုချမ်းသာပေးပါ ငါဘာမဆိုလုပ်ပေး
ပါ့မယ် ကျစ် အဲ့လိုမကြားရတော့ဘူးပေါ့"

"သတ်မယ်ဆိုလည်း သတ်လိုက်လေ..မင်းအဲ့
စကားတွေထက် ပိုလိုချင်တာက ငါ့ကိုကိုယ်တိုင်
သတ်ချင်တာလို့ပြောခဲ့တယ်မလား.."

"ဟုတ်တယ် မင်းလိုစိတ်ပျက်ဖို့ကောင်းတဲ့လူ
တစ်ယောက်က အသက်ရှင်မနေသင့်ဘူး အခု
တော့ လောကကြီးကို နှုတ်ဆက်လိုက်ပါအုန်း  Ai' ........













ဒိုင်း......
























































~

ဒီနေ့လည်းနောက်ထပ်သာမန်နေ့တစ်နေ့လိုပါ
ပဲ အရင်အတိုင်း ရှုပ်ထွေးနေတဲ့ ပြဿနာတစ်
ရပ်ကို မဖြေရှင်းနိုင်သေးတဲ့ သာမာန်နေ့လေး..

ကုမ္ပဏီအပြင်ဘက်ရှုခင်းများကို ကြည့်လိုက်
ရင်း သူစိတ်ထဲကနေတဆင့် ပြောနေမိသည်။

ကျွန်တော့်နာမည်က Tay နာမည်ကြီး 'The Sun' ကုမ္ပဏီရဲ့ CEO တစ်ယောက် အဘက်
ဘက်ကပြည့်စုံမှုကြောင့် မိန်းကလေးတွေကြား
မှာ နာမည်ကြီးနေတဲ့ အသက် ၂၉ နှစ်အရွယ် CEO ဆိုလည်းမမှားဘူး ဘာပဲဖြစ်ဖြစ်ပါ
ကျွန်တော်က ပြန်ကြိုက်မှာမှမဟုတ်တာ အခု
တော့ ပျင်းဖို့ကောင်းလိုက်တာ အော် ဘာလို
လိုနဲ့ ဟိုကောင်လေးရဲ့အလုပ်ဆင်းချင်တောင် ရောက်နေပါပေါ့လား...

Gotcha (Uni+ZG)Where stories live. Discover now