"P'Tay ကျွန်တော်အလုပ်ဆင်းပြီနော် မဟုတ်
လို့ရှိရင် ကျွန်တော့်ရဲ့ဂိမ်းဆော့ရမဲ့အချိန်လေး
တွေ ဘာမဟုတ်တဲ့ဟာတွေလုပ်ရင်း ကုန်သွား
အုန်းမယ်.."
Singto..အသက် ၂၆ နှစ် အမြဲတမ်း အပျော်
အပါးကိုသာ လိုက်စားနေတဲ့ ကုမ္ပဏီရှယ်ယာ
ဝင်တစ်ယောက်ရဲ့သား အဖေက 'The Sun' ဆိုတဲ့ ကုမ္ပဏီဖြစ်လာဖို့ အများဆုံးအကူအညီ
ပေးထားတဲ့သူဆိုလည်း မမှားဘူး နာမည်ကြီး
ကုမ္ပဏီပိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်
ပေမဲ့လို့ သူ့သားကို ဒီကုမ္ပဏီမှာပဲ အလုပ်သင်
အဖြစ်အလုပ်လုပ်ခိုင်းဖို့ အကူအညီတောင်း
ခဲ့တယ် တကယ့်ကို ထိန်းရခက်တဲ့ကောင်လေး
တစ်ယောက်ပဲ တစ်ခုကောင်းတာက flirt ချင် flirt လိမ့်မယ် ဒါပေမဲ့ ဘယ်တော့မှ မတွဲဘူး singto ကတကယ့် bad boy အဖေ့
ကျေးဇူးရှိလို့ သည်းခံနေရတာ မဟုတ်လို့ရှိရင် ကုမ္ပဏီကနေ အလုပ်ထုတ်ပစ်လိုက်တာ ကြာ
ရောပေါ့ အခုဆို တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာ
တာများ အိမ်ပေါ်တောင်လာတက်နေတဲ့အထိ ပြီးတော့လည်း ဘာတဲ့ ဘာမဟုတ်တဲ့ဟာတွေ
လုပ်ရင်း သူ့ရဲ့တန်ဖိုးရှိလှတဲ့ ဂိမ်းဆော့ချိန်တွေ ကုန်သွားအုန်းမယ် အား ငါ့ခေါင်း ဟူး
စိတ်လျှော့ Tay စိတ်လျှော့..
"အေး မြန်မြန်သာကြွ ကိုယ်တော်ချောရေ"
Singto လည်း Tay ရဲ့ခွင့်ပြုချက်ရပြီးပြီးချင်း
ထွက်သွားလိုက်တာများ နောက်တောင်ပြန်
လှည့်မကြည့်ဘူး။ တစ်ချိန်တည်းမှာပဲ သူ့ရုံးခန်း
ထဲဝင်လာသည့် နောက်တစ်ယောက်က....
"ဒီကောင်ကတော့ အမြဲတမ်းအချိန်ကိုက်ပဲ
နော်.."
Off..အသက် ၂၉ နှစ် 'The Sun' ကုမ္ပဏီ
ကို ကျွန်တော်နဲ့ စပ်တူထောင်ထားတဲ့ ကျွန်
တော့် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး..
play boy လို့နာမည်ကြီးနေပေမဲ့ ကျွန်တော့်
မျက်စိထဲမှာတော့ အခွက်ပြောင်တယ်ဆိုတာ
ထက် မပိုပါဘူး တစ်ခုခုဆို အကူအညီရပါ
တယ် ဒါပေမဲ့ ဆေးထိုးကြမ်းတာကတော့ သူ့သူငယ်ချင်းလေးကို တော်တော်ချစ်တဲ့ပုံ
ပဲနော်.. :')
Part - 1 (Unicode)
Start from the beginning
