I know them friendly! 1

Start from the beginning
                                    

"အစ်မ။ သစ္စာပန်း နှစ်စည်း ပေးပါ။"

ပြောပြီး အ၀တ်အထည်များ ချိတ်ထားသည့်ဘက်၊ အရုပ်တန်းများဘက်သို့ စိတ်၀င်တစား ကြည့်နေမိလျှင် ပန်းသည်က ထပ်မေးလာသည်။

"ဘာရောင်ယူမလဲ မောင်လေး"

ပြုံးရင်းမှ လွမ်းလတ်နောင် ပြန်ဖြေလိုက်မိသည်။

"အဝါရောင် ပေးပါ"

"ဦးတို့ကို ဒီပန်း နှစ်စည်းလောက် တူမကြီး"

"မောင်လေး ဒီမှာ။ ပိုက်ဆံအအမ်း။"

ပြန်အမ်းသော ပိုက်ဆံကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ပန်းစည်းဆီ လက်လှမ်းလိုက်စဉ်မှာပင် မြင်ကွင်းထဲသို့ ၀င်လာသော တစ်စုံတစ်ယောက်ကြောင့် အကြောက်တရားတစ်ခုက လွမ်းလတ်နောင် ရင်ထဲ ၀င်‌ရောက်လာရသည်။ မသိစိတ်၏ စေ့ဆော်မှုဖြင့် ရုတ်တရက် ခေါင်းငုံ့ထားလိုက်မိ၏။

ထို့ကြောင့် သူ့ကို မမြင်သော ထိုခန့်ခန့်ညားညား ဦးလေးကြီး လင်မယားက တစ်ဖက်ဈေးသည်ဆီ ပန်းစည်းဖိုး ပေးလိုက်ပြီး ဘုရားပေါ်သို့ အေးအေး သက်သာစွာပင် လှမ်းတက်သွားလေတော့သည်။

မြင်ဖူးသည်။ ဒီလူတွေကို သူမြင်ဖူးနေသည်။ ထို့အပြင် ရင်းရင်းနှီးနှီးလည်းပဲ သိသည်။ သို့သော် ဘယ်သူဘယ်ဝါ ဟူသည်ကို စဉ်းစား၍ကား မရ။

တလှပ်လှပ် တုန်နေသော ရင်ကို အသာဖိလိုက်ပြီးနောက် ဘုရား‌ပေါ် တက်လာကာ ဦးချကန်တော့လိုက်သည်။ သစ္စာပန်းတွေကို ညောင်ရေအိုးထဲ ထိုးစိုက်မိသည့်အထိ သူ့လက်တွေက တုန်နေ၏။ တောင်ပေါ်မှာ လေတိုက်လှသည် မဟုတ်ဘဲလည်း လူက ချမ်းလာရသည်။

ထို့ပြင် အာရုံ‌တို့က ထွေပြားလျက်။ ဒီဘုရားပေါ်မှ တစ်စုံတစ်ရာတို့ ရှိခဲ့ဖူးသလို မူးဝေနေတော့သည်။

"ကံကြမ္မာဆိုတာက အလှည့်အပြောင်းသိပ်မြန်လို့"

"ဟမ် ! "

"ကံကြမ္မာဆိုတာက အလှည့်အပြောင်းသိပ်မြန်လို့ သူ့ကစားကွက်ထဲမှာ မတော်တဆ ငါတို့နှစ်ယောက်ပါ ပါခဲ့ရင်..."

"ဘယ်သူတွေလဲ"

ပြန်ကြားလာရသော စကားပြောသံများကြောင့် လွမ်းလတ်နောင် ခေါင်းကို ဖိကိုင်လိုက်မိသည်။ တောင်မြောက်ဘယ်ညာ လိုက်ကြည့်နေရင်းမှ လူနှစ်ယောက်အား ရိပ်ခနဲ ထပ်မံမြင်လိုက်လျှင် ဘာကြောင့်မှန်း မသိစွာ စိတ်၏လှုံ့ဆော်မှု တစ်ခုတည်းဖြင့် လိုက်မိ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now