* ဖြောင်း! *

လူကြီးတစ်ယောက်ရဲ့အားက ကလေးငယ်
ရဲ့မျက်နှာတင်မကဘဲ ရိုက်ခံလိုက်ရတဲ့နား
တစ်ဖက်ကိုသွေးထွက်လာစေသည် ။

" စောက်သံမထွက်နဲ့.... ပတ်ဝန်းကျင်ကကြား
ရင် ငါတို့ကဘဲမင်းကိုနှိပ်စက်နေတယ် ထင်ဦး
မယ် "

အသံမထွက်နဲ့ဆိုတဲ့စကားအဆုံးမှာ သူ့ရဲ့နှုတ်
ခမ်းပိစိလေးကိုဖိကိုက်ထားလိုက်မိသည် ။ သူ
အသံသေးသေးလေးတောင်မထွက်ရဲဘူး...။
အသံထွက်မိသွားရင် ပိုရိုက်ခံရမယ်ဆိုတာ သူ
သိတယ်...။

" မင်းကိုဘယ်သူကအိမ်ထဲလာခိုင်းလို့လဲ.... ဟမ် မင်းအမေကမင်းကို မမြင်ချင်ဘူးလို့ဒီလောက်ပြောထားရဲ့သားနဲ့....တောက်!!.."

ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကို
သူမသုတ်အားသေး....။ အဖေ ဖြစ်သူရဲ့အမေး
မဟုတ်တဲ့ဒေါသစကားတွေကို ရှိုက်သံလေး
တွေထိန်းကာပြန်ဖြေမိသည် ။

" သား...ဗိုက်ဆာလို့...."

" ငါလာကျွေးတဲ့အချိန်ထိစောင့်ပါလား.... ခွေး
တောင်မှမင်းထက်နားလည်တယ်... မင်းဒါလေးတောင်နားမလည်ဘူးလား...."

သူဘာမှမစားရတာ ၂ ရက်တောင်ရှိပြီလေ လို့
ပြန်မပြောရဲခဲ့ဘူး ။ အဖေဖြစ်သူရဲ့ဒေါသတွေ
ကိုသာ ခေါင်းငုံ့ခံရင်းတိတ်ဆိတ်နေလိုက်တော့
တယ် ။ အဖေဖြစ်သူသာဒီနေ့အရက်မသောက်
ထားခဲ့ရင် ထမင်းလေးတောင်းစားရင်းနဲ့ ဆောင်းတွင်းရောက်နေပြီမို့လို့ သားကိုအဖေမဝတ်တော့တဲ့ အနွေးထည်လေးပေးပါလား လို့ပြောကြည့်မယ်လို့တွေးထားခဲ့မိတာ...။

ဘယ်သူသိမှာလဲ..... အဖေဖြစ်သူကမိုးလင်း
ကတည်းကအရက်သောက်နေပြီး အမေဖြစ်
သူကလဲ သူအိမ်မကြီးနားကပ်လာတာကို တွေ့
သွားလိမ့်မယ်လို့....။

" ညနေကျရင်ထမင်းလာကျွေးမယ်... လျှောက်သွားဖို့စိတ်မကူးနဲ့ ပတ်ဝန်းကျင်က
မင်းကိုမြင်သွားလို့မရဘူး... နားလည်လား "

" ဟုတ်ကဲ့.."

ပေပေစုတ်စုတ်အင်္ကျီအကြီးကြီးတစ်ထည်က
ကလေးငယ် ရဲ့တစ်ကိုယ်လုံးကိုဖုံးအုပ်နေပြီး တစ်ကိုယ်လုံးကလဲ ဒဏ်ရာတွေနဲ့အညစ်အကြေးတွေသာပြည့်နေပေမယ့် ကလေးငယ် ရဲ့မျက်လုံးဝိုင်းလေးတွေမှာတော့ အဖိုးတန်ကျောက်စိမ်းလေးတွေလို တောက်ပတဲ့အစိမ်းရောင်မျက်လုံးလေးတွေရှိနေသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now