Do I miss something? 3

Start from the beginning
                                    

"မင်း ဘာလာလုပ်ပြန်တာလဲ"

မေးသံကြားသော်လည်း စိတ်ဆိုးနေသည့် အရှိန်ကြောင့် လွမ်းလတ်နောင် မထူး။

"မပြောချင်လည်း နေပေါ့"

ဒီတော့ ကိုစိတ်တိုက အနားမှ ကျော်ကာ အထဲပြန်၀င်မည့်ဟန် ပြင်နေ၍ ကပျာကယာ လက်တစ်ဖက်အား လှမ်းဆွဲထားလိုက်ရသည်။

"အဲ့လူက ဘာတွေ ဒီလောက်အထိ ပြောနေတာလဲ"

"ဘာပြောပြော မင်းကို အစီရင်ခံစရာလား"

မခန့်သော မျက်နှာကြောင့် ပိုစိတ်တိုသွားသော်လည်း အပြုံးလေးနှင့် လွမ်းလတ်နောင် ပြန်လည် ဖုံးဖိလိုက်သည်။ သောင်ယံ့ကို ဒီလောက်တော့ အလျှော့ပေးသင့်သည်။ သောင်ယံက သူအချစ်ရဆုံး သူငယ်ချင်း။ ထို့အပြင် အကြာကြီး ဝေးကွာနေခဲ့သည်။

"Ok ကောင်းပြီ။ ငါပဲ စိတ်လျှော့လိုက်မယ်။ ငယ်ငယ်တုန်းက သံယောဇဉ်ထောက်ပြီး ဒီမှာ ခဏထိုင်ပေးလို့ ရမလား"

အနည်းငယ် တွေဝေသွားသော်လည်း သောင်ယံက ထိုင်သည်။

"ပြော ဘာလဲ"

"မင်း စိတ်ဆိုးနေတဲ့ကိစ္စ ပြော။ ငါရှင်းပေးမယ်။ ဘာလို့ ဒီလောက်အထိ မခေါ်နိုင် မပြောနိုင် ဖြစ်နေရတာလဲ"

သောင်ယံက ဟက်ခနဲ တစ်ချက်ရယ်လေသည်။

"ငါက မခေါ်နိုင်၊ မပြောနိုင် ဖြစ်နေတယ် ! ဒါဆို မင်းကရော ? မင်း ဒီနှစ်တွေအတွင်းမှာ ငါ့ကို ဆက်သွယ်ခဲ့ဖူးလား"

အမေးစကားကြောင့် အလွန်အမင်း ရှင်းပြချင်နေသော လွမ်းလတ်နောင်မှာ နှုတ်ဆွံ့သွားရသည်။ ခေါင်းကလည်း တဖြည်းဖြည်း ငုံ့၀င်သွား၏။

"ငါ..."

"ချောင်းသာကနေ ပြန်လာရင် ခရုလေးတွေ ယူလာခဲ့မယ် ပြောပြီး တစ်ခါလေးတောင် ပြန်လာနှုတ်ဆက်ဖော်‌တောင် မရခဲ့တဲ့သူကို ငါက ဖက်တွယ်နေစရာ လိုသလား"

လွမ်းလတ်နောင် ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။

"မဟုတ်ဘူး သောင်ယံ။ ငါ မင်းဆီကို ပြန်မလာဖြစ်ခဲ့တာ မှန်ပါတယ်။ ငါတို့မျက်နှာခြင်းဆိုင် နှုတ်ဆက်ခွင့်တောင် သေချာမရခဲ့ဘူး ဆိုတာလည်း မှန်တယ်"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now