ဆက်၍တောင့်ခံနိုင်စွမ်းမရှိတော့သောအဂ္ဂသည်ဇေယျတု၏ ခန္ဓာကိုယ်ကိုရစ်ပတ်ထားသည့်လက်များကိုပို၍တင်းကြပ်စေမိသောအခါ ဇေယျတုကသူခိုးလူမိသွားသည့်အလား ထိတ်လန့်သွားလေသည်။

"မင်း ကိုယ့်ကိုရူးအောင်လုပ်နေတာပဲကွာ"

အဂ္ဂသည်ဇေယျတု၏လည်ဂုတ်နားတွင်မျက်နှာအပ်ကာ ခပ်တိုးတိုးရေရွတ်မိလေသောအခါ ဇေယျတု၏မျက်နှာဟာ ခရမ်းချဥ်သီးတစ်လုံးထက်ပင်ပို၍နီမြန်းသွားရရှာသည်။

"ဘယ်အချိန်ကတည်းကနိုးနေတာလဲ"

ထိုအခါတွင်အဂ္ဂကဇေယျတုနှင့်မျက်နှာချင်းဆိုင်ပစ်လိုက်ပြီး ခပ်ပြတ်ပြတ်ပြန်ဖြေသည်။

" မင်း ကိုယ့်ရဲ့နှုတ်ခမ်းကိုပြစ်မှားနေတဲ့အချိန်ကတည်းကပဲ"

"ဘာတွေလျှောက်ပြောနေတာလဲ မဟုတ်ပါဘူး"

"အဲ့ဒါထက် ကိုယ့်ကိုခုနကဘယ်လိုခေါ်လိုက်တာလဲဆိုတာကိုပဲ အာရုံရောက်နေတယ်"

အဂ္ဂကမျက်နှာပြောင်ပြောင်နှင့်ဆက်မေးနေလေရာ ဇေယျတုကသူ၏မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကာထားလိုက်ပြီး ကမန်းကတန်းပြန်ပြောလေ၏။

"အဲ့ဒါကိုမေ့လိုက်ပါတော့ နည်းနည်းချွဲပျစ်ပျစ်နိုင်တာတွေ ခင်ဗျားကြိုက်မှာမဟုတ်ဘူး"

"အင်း..ကိုယ် အဲ့လိုအရာတွေနဲ့အသားမကျတာတော့အမှန်ပဲ"

အဂ္ဂထိုသို့ပြောလာမည်ဖြစ်ကြောင်းဇေယျတုသိထားပြီးဖြစ်သော်လည်း တကယ်တမ်းကြားလိုက်ရသည့်အခါ စိတ်ဓာတ်ကျချင်သွားသည်။ မိမိတမြတ်တနိုးနှင့်ခေါ်ဝေါ်သောနာမ်စားမျိုးကို မိမိ၏ချစ်သူကမနှစ်သက်ဟူသောအသိဟာ တစ်ကိုယ်လုံးရှိအင်အားများကိုစုပ်ယူသွားသကဲ့သို့ခံစားရသည်။

"အဲ့ဒါကြောင့် ကျင့်သားရသွားအောင်ကိုယ့်ကလေးက ခဏခဏခေါ်ပေးလေ"

ဇေယျတုဟာပျော်ရွှင်မှုနှင့်အတူရှက်ရွံ့မှုကိုပါ တစ်ပါတည်းခံစားလိုက်ရသည်။ ထင်မထားသည့်အဂ္ဂ၏တိုက်ကွက်တွင် အလူးအလဲကျရှုံးရလေပြီ။

"နော်"

နောက်တစ်ကြိမ်ထပ်၍တောင်းဆိုလာသည့်အခါတွင်မူ ဇေယျတုလည်းကယောင်ကတမ်းဖြင့်ခေါင်းညိတ်ပြလိုက်မိသည်။ ထိုအခါအဂ္ဂကနှစ်လိုဖွယ်​ကောာင်းစွာပြုံးလိုက်ပြီး ဇေယျတု၏ပါးကိုလက်မဖြင့်ခပ်ဖွဖွပွတ်သပ်နေသည်။

I Found My Prince Charming(Season 2)Where stories live. Discover now