အပိုင်း(၁၇)/အပိုင္း(၁၇)

2.8K 261 2
                                    

”အဟမ်း”

          မုချင်း ကိုယ်ရံတော်ပင်းလျန်၏အဆောင်ထဲ ရောက်တော့တံခါးကိုဆွဲဖွင့်လိုက်ပြီး အခန်းထဲမဝင်ခင်အဝင်စတွင်  ချောင်းဟန့်လိုက်သည်။ ကိုယ်ရံတော်ပင်းလျန်ကတော့ ကြောင်လေးကို ပွတ်သပ်ပေးနေရင်း မုချင်းအသံကြားတော့ တံခါးဝဆီ အကြည့်ရောက်မိသည်။

”လာလေ အဝမှာဘာလုပ်နေတာလဲ”

           အဝတွင်ရပ်နေသောမုချင်းကိုတွေ့တော့ ပင်းလျန်ကခေါ်လိုက်သည်။ မုချင်းကတော့ လက်နောက်ပစ်ရင်း ပင်းလျန်နားကပ်လာပြီးအနားက ခုံတွင်ထိုင်လိုက်သည်။ တစ်လက်စတည်း သူထည့်လာသောဆေးကို ပင်းလျန်၏ လက်ထဲထည့်ပေးတော့သည်။

”ဒါဘာလဲ”

           လက်ထဲကဆေးဘူးလေးကိုကြည့်ရင်း ပင်းလျန်ကမေးလိုက်သည်။

”ခုနက ကိုယ်ရံတော်ကြီးက ကျွန်တော်တို့ သမားတော်တွေဘက်ကိုပဲ ကြည့်နေတော့ အဲဒါစိတ်ပူလို့လာပေးတာ”

”သြော်.....”

          ပင်းလျန်က တစ်ချက်တုန်လှုပ်မိသည်။ သူမုချင်းကိုကြည့်နေတာ မုချင်းများ သိသွားပေမည်လားလို့။ သို့ပေမယ့် မုချင်းက-

”ကိုယ်ရံတော်ကြီးက ဘယ်သမားတော်မလေးကိုများ စိတ်ဝင်စားနေတာလဲ”

ပင်းလျန်:”.....”

           ထိုအခါမှ စိတ်အေးမိသော ပင်းလျန်ပါလေ။ သာမန်အတိုင်းပင်ပြုံးလိုက်ကာ ကြောင်လေးကို မုချင်းဆီထည့်ပေးလိုက်သည်။ ထိုကြောင်လေးက မုချင်းနှင့်ပင်းလျန်နားကို အရမ်းကပ်သည်မှာ သူသိနေလို့လားမသိ။

”ဒီအတိုင်းကြည့်တာပါ ဘာသဘောမှမဟုတ်ပါဘူး”

”ဘာပဲဖြစ်ဖြစ် ကိုယ်ရံတော်ကြီးမှာ ချစ်ရတဲ့လူရှိရင် ကျွန်တော့်ပြောနော် ကျွန်တော်အောင်သွယ်ပေးမယ်”

”အင်းပါ”

         သူဆက်ပြောရင် ချစ်ရသူမှာ အနှောင့်အယှက်ဖြစ်ပေမည် စိုးရိမ်သောကြောင့် ပင်းလျန်ပြီးပြီးရော ပြောလိုက်တော့သည်။

------------------------------------
”မင်းသားလေးလန်ရင်း နည်းနည်းတစ်ခုခု မထင်ဘူးလား ”

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now