အပိုင်း (၁၆)

Beginne am Anfang
                                    

”မင်းကြီးနဲ့မင်းသားလန်ရင်း ကြွချီလာပါပြီ”

           စိတ်၏တွန်းအားကြောင့်လား အကြားအမြင်ရတာလားမသိ။ စစ်ယီဒီလိုတွေးပြီး သိပ်မကြာခင်မှာပင် ချီမင်းကရောက်လာတော့သည်။ အခြားလူများက မတ်တပ်ရပ်ပြီး ဂါရဝပြုလိုက်သောကြောင့် စစ်ယီလည်းသူပါ ဂါရဝပြုဖို့လုပ်ပေမယ့် ချင်းလီကတားလိုက်သည်။
            မိဖုရားခေါင်နှင့်မယ်တော်ကြီးဟာ ဂါရဝပြုစရာမလိုပါ။ ယဉ်ကျေးမှုအရသာလုပ်ပေမယ့် တကယ်သာဆို အခြားလူမပြောနှင့် မင်းကြီးကိုတောင် ဦးညွှတ်စရာပင်မလိုပါ။ ပြီးတော့ ချင်းလီတားသည်က သူမ၏သားတော်လေးချီမင်းက စစ်ယီထိုသို့ ဦးညွှတ်မည်သိတော့ မညွှတ်အောင် တားထားခိုင်းလေခြင်းပါ။

စစ်ယီ...မင်းကအမြဲချစ်စရာလေးပါလား။

         မင်္ဂလာခန်းမဆောင်ထဲ ရောက်နေပေမယ့် ချီမင်း၏စိတ်က စစ်ယီဆီတွင်သာလေ။ ဒါကို အခြားမပြောနဲ့ ဘေးကလန်ရင်းပင်လျှင် သတိထားမိပေသည်။
             မုချင်းကလည်းသမားတော်နေရာကနေ မင်းကြီးတို့ကိုကြည့်နေရင်း မင်းကြီးက ရှေ့တည့်တည့်မလှည့်ဘဲ စစ်ယီဘက်ကိုဘဲ လှည့်ကြည့်လှည့်ကြည့်နှင့်  အကြည့်ရောက်နေသောကြောင့် ခဏနေ လိမ်းဆေးပေးရမှန်း ကြိုသိသွားသည်။ ဘာကြောင့်မှန်းမသိ မုချင်းအကြည့်တို့က ပင်းလျန်ဆီရောက်သွားလေတော့ကိုယ်ရံတော် ပင်းလျန်ကသူ့ကို စိုက်ကြည့်နေသည်ဆိုတာ မိသွားလေသည်။ ပင်းလျန်လည်း သူခိုးလူမိဖြစ်တော့မှ အကြည့်လွှဲလိုက်ကာ မင်းကြီးတို့ဆီပြန်လှည့်တော့သည်။
ကြည့်ရတာ....ခဏနေနှစ်ယောက်လုံး ဇာတ်ခိုင်တော့မယ်ထင်တယ်။

             မုချင်းကတွေးလိုက်မိသည်။

              လက်ဆက်ပွဲပြီးတော့ မင်္ဂလာအိပ်ခန်းကို ဝင်ရမည့်အချိန်ကြမှ ချီမင်း၏ပူပင်မှုတွေ စတင်လာသည်။ သူစစ်ယီကလွဲရင် ဘယ်သူနဲ့မှအတူ မဖြတ်သန်းချင်ပါလေ။  ဟုတ်ပေသားပဲ သူ့စိတ်နှင့်သူလေ သူမသွားချင်ရင် မသွားလို့ရပေသားပဲ။

”မင်းသွားတော့ ငါမင်းကို လက်ဖျားနဲ့တောင် ထိမှာမဟုတ်ဘူး”

         လန်ရင်းမသွားခင် လန်ရင်း၏နားနားကပ်ပြီး ချီမင်းကပြောလိုက်သည်။ တိုးညှင်းပြီး သာမန်စကားလေးတစ်ခွန်းသာဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ။ လန်ရင်းတစ်ယောက် နာကျင်သလို ခံစားမိသည်။ နဂိုကတည်းက ဒီလိုလုပ်မယ်ဆိုတာသိပေမယ့် ဘာအကြောင်းကြောင့် နာကျင်မှန်းမသိပေ။

အရှင့်ကြင်ရာတော်(BL)[Complete]Wo Geschichten leben. Entdecke jetzt