"မိုးစက်ပုံပြင်"(Part 22)

Start from the beginning
                                    

"အေး အဲ့တာဆို မင်းကကော ဘာလို့ပြန်မခုခံလဲ မင်းကိုယ်တိုင်ကစိတ်ပါနေလို့ အိမ်ထဲထိခေါ်သွင်းတာမလား"

ထိုသို့ပြောတာကို မိုးစက်ကြားလိုက်သည်နှင့်

"ဘယ်လိုပြောလိုက်တာလဲ ကို...၊ ခုကိုပြောလိုက်တဲ့ပုံစံက မောင့်ကိုနာကျင်စေတယ်ဆိုတာ ကိုသိရဲ့လား၊ မောင်ကဘာလို့ အဲ့လိုလုပ်ရမှာလဲ ဘာလို့အဲ့လိုလုပ်ရမှာလဲလို့......"မိုးစက် ဒေါသပါထွက်လာပြီး အားရှိသမျှဖြင့် သူရှင်းပြနေပါသော်လည်း မဖြစ်နိုင်တာတွေကိုပြောနေသည့် တိမ်ညို့ကိုပင် အော်ပြောလိုက်လေတော့သည်။ မျက်ရည်များက အဆက်မပြတ်စီးကျနေဆဲ။

"မောင် အကုန်လုံးကို အမှန်တိုင်းရှင်းပြနေတာပဲ မဟုတ်လား ကိုရယ်၊ ဘာလို့နားမလည်နိုင်ရတာလဲ....မောင်တကယ်စိတ်ဓာတ်ကျတယ် ကို မောင့်ဘက်ကိုလဲ ဖြည့်တွေးပေးပါဦး"

တိမ်ညိုကတော့ ခေါင်းငိုက်စိုက်လျက် ဘာမှပြန်မပြောတော့ချေ။

"ကို မောင်ပြောနေတယ်မလား၊ ပြန်ဖြေဦးလေ ကို...မောင်သူ့ကိုပြန်မခုခံနိုင်တာမဟုတ်ဘူး ကို၊ မောင်နေမကောင်းဘူးလေကိုရယ် ကိုသိရဲ့သားနဲ့၊ မောင်ကဘယ်လိုလုပ်အခုချိန်မှာ ပြန်ခုခံလို့ရမှာလဲ၊ မောင်အားမရှိဘူးလေ ကိုရယ်... ဒီကိစ္စကဘာမှမဟုတ်ဘူးလေကို...ရှင်းရှင်းလေးမြင်ကြည့်တာနဲ့ ကိုမောင့်ကိုနားလည်နိုင်ရမယ်လေ ၊ သေချာပြန်တွေးပေးပါ ကို...၊ ကိုပြောတော့ မောင်တို့နှစ်ယောက်ခြားမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုထားရမယ်ဆို၊ ခုဖြေရှင်းလို့ရနေတဲ့ ဒီကိစ္စလေးကိုတောင် ကိုကမောင့်ကို နားမလည်ပေးနိုင်တာ မောင်တကယ်စိတ်ဓာတ်ကျတယ်ကို၊ ကို ပြောနေတယ်မလား မောင့်ကိုကြည့်ပါဦး"

ထိုသို့ပြောရင်း မိုးစက် တိမ်ညိုမျက်နှာလေးကို ဆွဲယူလျက်

"မောင် အမှန်တိုင်းပြောနေတယ်လေကို...မောင် နေမကောင်းဘူးလေ...တကယ်ပြန်ခုခံနိုင်မဲ့ အားကိုမရှိဘူးလေ ကိုရယ်၊ ခုရပ်လိုက်ပါတော့ ပုံမှန်အတိုင်းလေးပြန်နေပေးပါနော် ကိုနော်"

တိမ်ညို ပါးမို့မို့ကလေးပေါ်တွင် မျက်ရည်များအဆက်မပြတ်စီးဆင်းနေဆဲ၊ သူမဟုတ်ကြောင်းကိုလဲ ထပ်တလဲလဲရှင်းပြတောင်းပန်နေပြီး မောပန်းနွမ်းနယ်နေသည့် မိုးစက်ကိုမြင်သောအခါမှ  တိမ်ညိုစိတ်လျော့လိုက်တော့သည်။ သူမှားသွားခဲ့သည်၊ မိုးစက်ကို ချစ်လွန်းအားကြီး၍ ဖြေရှင်းချက်တွေကို လက်မခံနိုင်ပဲဖြစ်ခဲ့မိသည်။

"မိုးစက်ပုံပြင်"Where stories live. Discover now