အပိုင်း-၁၈ (Unicode)

Start from the beginning
                                    

"တော်ပြီ!! မင်းနဲ့မပြောတော့ဘူး ကိုယ့်အလုပ်သာကိုယ်လုပ်တော့"

ခန့်ထည်တို့နဲ့သူက ငယ်သူငယ်ချင်းဆိုရင် မင်းသစ်ပိုင်နဲ့က ဟင်းချက်ပညာကို တူတူလေ့လာခဲ့ကြတဲ့ ပြောမရဆိုမရတဲ့ သူရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်သည်။

"နည်းနည်းလေးအော်လိုက်တာနဲ့ မင်းကငါ့ကိုစိတ်ဆိုးရတာနဲ့ စိတ်ကောက်ရတာနဲ့ ငါ့လူတောင် မင်းလောက်စိတ်မဆိုးတတ်ဘူး"

"မင်းလူက မင်းကို ရူးနေတယ်လို့တွေးပြီး ပြောချင်ရာပြောပါစေဆိုပြီး လွှတ်ထားတာကို ဂုဏ်ယူမနေစမ်းနဲ့!!"

"ကိုစစ်!!! မင်းနော် ငါ့လူကို မပြောနဲ့"

"မင်းလူကို ငါမပြောဘူးလေ မင်းကိုပဲပြောနေတာလေ"

တစ်ယောက်တစ်ပေါက်နဲ့စားဖိုချောင်မှာရန်ဖြစ်နေပေမဲ့လည်း လုပ်လက်စအလုပ်တွေကတော့ နှစ်ယောက်လုံး နည်းနည်းလေးမှ အမှားမခံပဲ သေသေသပ်သပ်နဲ့လုပ်တတ်ကြသည်။

"တော်ပါတော့ ဆရာတို့ရယ် နေ့တိုင်းရန်ဖြစ်ရတာ မမောကြဘူးလားဗျာ ကြည့်နေတဲ့ ကျွန်တော်တောင် မောလှပြီ"

စားဖိုဆောင်ရဲ့အသက်ကြီးဆုံးဖြစ်တဲ့ ကိုအောင်က ကြားထဲက ဖြန်ဖြေလေသည်။

"သူမပြောရင် ကျွန်တော်လည်းမပြောပါဘူးဗျာ အဲ့ကိုစစ်ကိုက ရန်ရှာနေတာ"

"မင်းမစပဲနဲ့ ငါကအရင်ရန်စတာရှိခဲ့ဘူးလို့လားပြောလေ!!"

"ကိုစစ်!!"

"မင်းသစ်!!! "

"တော်သင့်ပြီနော်!!! "

နောက်ဆုံးပိတ်ကျယ်လောက်စွာအော်ပြောတဲ့အသံကြောင့် နှစ်ယောက်လုံးပြူးကြောင်ကြောင်နဲ့ လှည့်ကြည့်ကြသည်။

"ဟာ...ကိုကြီး!!! "

"ဟီး!!! ကိုသူရ!! "

စစ်မင်းထက်ကတော့ သူ့အစ်ကိုကိုတွေ့တာနဲ့ ခုဏကနဲ့မတူစွာ အပြုံးတွေဝေပြီး အပြေးအလွှားအစ်ကိုနားကိုရောက်သွားလေသည်။

"ဘာလို့ စောစောစီးစီးဆိုင်မှာ မကြီးမငယ်နဲ့ ဆူညံ့နေရတာတုန်း"

"အဲ့..အဲ့တာကလေ သူ..သူ..."

စစ်မင်းထက် အနောက်လှည့်ကာ မင်းသစ်ပိုင်ဘက်ကို လက်ညှိုးထိုးမယ်လို့ကြံရုံရှိသေးတယ်။မင်းသစ်ပိုင်ကတော့ ဘယ်တောင်ရောက်သွားလဲမသိ!!

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now