အပိုင်း-၁၈ (Unicode)

Start from the beginning
                                    

"လွမ်းတယ် ဦးသန့်"

ဦးသန့်ရဲ့အခန်းဘက်ကို မျက်နှာမူပြီး စစ်မင်းထက်ပြောမိသည်။တစ်ရက်တောင်မပြည့်သေးတဲ့အချိန်ကာလတစ်ခုမှာတောင် သူဦးသန့်ကိုအခုလောက်ထိလွမ်းနေရင် တကယ်လို့သာ.....

တကယ်လို့ရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေကို သူဆက်မတွေးချင်ဘူး!! ဦးသန့်ဆီက တိကျတဲ့ အဖြေတစ်ခုကိုခိုင်မာစွာ မသိရသေးတာကြောင့် သူအခုတလော နည်းနည်း Stressတွေများနေရသည်။

"အိုကေ!!ဖိုက်တင်းစ် စစ်မင်းထက်!!! "

ကိုယ့်ကိုကိုယ်အားပေးပြီး ဆိုင်ကိုသွားဖို့အတွက် သူပြင်ဆင်ရတော့သည်။ဒါပေမဲ့ သူရဲ့စိတ်ကလုံးဝကိုညှိုးနွမ်းနေခဲ့သည်။

"ရောက်လာပြီလား ဆရာ"

ဝန်ထမ်းကောင်လေးရဲ့ နှုတ်ဆက်စကားကို စစ်မင်းထက်ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။လိုအပ်တာဆွေ စီစဥ်ဖို့အတွက် အဝတ်စားလဲပြီးတာနဲ့ မီးဖိုခန်းဘက်ကို စစ်မင်းထက် ရောက်လာခဲ့သည်။

"မင်းသစ်ပိုင်ရော အခုထိမလာသေးတာလား"

မီးဖိုးခန်းထဲကို ရောက်တာနဲ့ လူဦးရေအရေအတွက်ကို သူစစ်ဆေးလိုက်သည်။စားဖိုချောင်မှာ သူအပါအဝင် စားဖိုမှူး ၅ယောက်ရှိသည်။အခု၄ယောက်ပဲတွေ့ရတာကြောင့် စစ်မင်းထက်မေးလိုက်မိသည်။

"လာပါပြီ ဆရာ ပစ္စည်းတွေရောက်တယ်ဆိုလို့ သွားစစ်ဆေးနေပါတယ်"

"အိုကေ ကိုယ်နားလည်ပြီ ခဏနေကြ ဆိုင်ဖွင့်တော့မှာမို့  ပြင်ဆင်ထားကြတော့နော်"

သူတိူ့ဆိုင်က မနက်၉နာရီကနေ ည၉နာရီထိ ဖွင့်တာကြောင့် ဧည်သည်ရောက်လာတဲ့ပေါ်မူတည်ပြီး သူတို့သည်အလုပ်ရှုပ်တတ်ကြသည်။

"ကိုစစ်!! "

မင်းသစ်ပိုင်ရဲ့ အောင်မြင်လွန်းလှတဲ့အသံကြောင့် စစ်မင်းထက်လန့်သွားရသည်။

"မင်းအသံအာပြဲကြီးနဲ့ အဝေးကလှမ်းမအော်ပါနဲ့လို့ ငါအမြဲပြောတယ်နော်"

"ဟာ!! ပါးစပ်ပါမှတော့ အော်ခေါ်တာပဲဖြစ်ဖြစ် တိုးတိုးခေါ်တာပဲဖြစ်ဖြစ် ငါကြိုက်တာလုပ်မှာပေါ့ဟ!!"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now