သြော် မနေ့ကလေ အခြောက်တွေနဲ့ ဖြစ်ကြတာ

Tao ဘယ်လို ဘာဖြစ်တယ် အမယ်လေး ကုန်ပါပြီတော် ကောင်မလေးနှစ်ယောက် Tao ပြောမှ အော်အော်ပြီး ငိုပါလေရော

ဟဲ့ မဟုတ်ဘူး Tao ကလည်း ရှင်းအောင်ပြောလေ

ဟို ရန်ဖြစ်ရင်းနဲ့ထိခိုက်တာကိုပြောတာ အဲဒါ

Baek ပြန်ဖြေလို့လဲမရတော့ ကောင်မလေးနှစ်ယောက် ငိုပြီး ထွက်သွားကြတယ်

တစ်ကယ်တော့ Baek နဲ့ Tao ရဲ့အကြံက Yeol နဲ့ Kris ကောင်မလေးတွေနဲ့ အဆင်ပြေသွား အောင်လုပ်ပေးမယ် ပြီးတော့ သူတို့ကို ဆရာလာလုပ်တာတို့ ပွစိပွစိ လာပြောတာတို့ဆို ရည်းစားထားတာ အိမ်ကိုတိုင်မယ်ဆိုပြီး ခြိမ်းခြောက်မယ် အဲ့လို အဲ့လို

Yeol နဲ့ Kris ကလည်း ကောင်လေးနှစ်ယောက်လောက်ရှာပြီး အောင်သွယ်ပေးလိုက်မယ် ဒါဆို မျက်စိနောက်သက်သာသွားမယ်ပေါ့ Baek နဲ့ Tao က စကားများ စပ်စု စပ်စလူးတွေဆိုတော့ သူတို့မျက်စိနောက်တယ်လေ အဲ့လို

သူတို့အကြံတွေက ရိုးရိုးလေးတွေရယ် အခြောက်တွေဝင်လာမှ ရှုပ်ကုန်တာ သူတို့လည်း ဒေါသထွက်လို့ အခြောက်ကိစ္စ အစမဖော်ဘဲ ထားလိုက်ကြတယ်

အိမ်ရောက်တော့....

သမီး မနက်ဖြန် ကျောင်းဆင်းရင်

appa ကို လူတစ်ယောက်ဆီ သွားပေးပါ

Baek ကို Kai ပြောလိုက်တယ်

ဘယ်သူ့ဆီလဲ appa

အင်း appa တို့ရဲ့ ရှယ်ယာရှင်ပဲ သူ့တောင်းထားတဲ့ စာရွက်တွေ သွားပေးရုံပဲ

Nae...appa

appa မအားလို့ပါ တစ်ခြားသူလည်း လွှတ်လို့မရဘူး company မှာအလုပ်များနေတယ်

ရပါတယ် သမီးသွားပေးမယ်နော်

At cafe..,

Baek တစ်ယောက် cafe တွင် appa ပြောတဲ့လူကိုလိုက်ရှာနေတယ် မျက်မှန်နဲ့လူက ဘယ်မှာပါလိမ့်

ဟိုလူဖြစ်မယ်ထင်တယ် မျက်မှန်နဲ့ ပုံစံက သူဌေးပုံစံ ဟုတ်ပြီ

ဟိုလေ ထိုင်မယ်နော် တွေ့ရတာဝမ်းသာပါတယ်

Baek ပြောရင်းဝင်ထိုင်လိုက်တယ်

⭐Misses *Season-2⭐Where stories live. Discover now