"ဘာကို... ဘာပါလိမ့်??"

ငါ့ပါးစပ်ကအရူးလိုလျောက်ပြောနေမိတာကို​ငါ့ကိုယ်ငါတောင်မယုံနိုင်တဲ့အထိဘဲ...
ငါနိုးလာတဲ့အချိန် မရင်းနှီးနေရာတစ်ခုမှာ သေလောက်တဲ့အရှိန်ဝါတေွရှိတဲ့ မရင်းနှီးတဲ့လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်စကားပြောနေရတယ်...
ခုမှအိပ်ရာကနိုးလာတဲ့လူတစ်ယောက်လို ငါဘာကိုမှမစဥ်းစားနိုင်တော့ဘူး...

"ကောင်းပီ... အင်း... ပြီးတော့..."

အဲ့လူကငါ့ရဲ့အဖြကိုမကြိုက်တဲ့ပုံနဲ့
သူ့ရဲ့ကြောက်စရာမျက်နှာကြီးနဲ့ အဖြမှန်ပြောဖို့အမိန့်ပေးနေတယ်...

အဲ့ချိန်ကားချပ်ပေါ်မှာစာတန်းအသစ်တေွထပ်ပါ်လာခဲ့တယ်....

1.(တောင်းပန်ပါတယ်၊နောက်တစ်ခါအဆင်ပြေအောင်နေပါ့မယ်)

2.(အဲ့ဒီ့ရူးနေတဲ့အစေခံကခုလိုအရူပ်တေွကိုဖစ်စေခဲ့တာ)

3.(အဲ့ဒီ့နိမ့်ကျတဲ့ဟာ(အစေခံ)က​ ELKART​အိမ်တော်ရဲ့တစ်ဦးတည်းသောသမီးကိုနှိမ့်ချဆက်ဆံခဲ့တာ)

ဘာတေွဖစ်နေတာလဲဆိုတာကိုစဥ်းစားနေတာနဲ့ဘဲငါ့မှာထိုင်ဖို့တောင်အချိန်မရှိလိုက်ဘူး... ဒီအခြေနေနဲ့အဆင်ပြေလောက်မဲ့ အဖြေတစ်ခုကိုငါအမြန်ရေွးလိုက်ရတယ်... ဒီအခြေနေမှာ ငါဘာမှမသိရင်တောင်​တစ်ခုခုပြောမှကိုဖစ်မယ်... ဒါကငါ့ရဲ့နာကျင်စရာအတေွ့အကြံုအရ ဖစ်လာတဲ့ငါ့ရဲ့တုံ့ပြန်မှုဘဲ...

"ကျမ​ တောင်း..."

"ရိုးရိုးလေးတောင်းပန်လိုက်တာနဲ့ ပီးသွားမယ်ဆိုရင်မင်းနဲ့ဒီမှာတစ်ခါမှတေွ့ရမှာမဟုတ်ဘူး... "

ငါ့စကားကိုသူကဖြတ်ပြောလိုက်တယ်...
သူပြောလိုက်တဲ့အသံကြောင့် ငါ့နှလုံးသားတစ်ခုလုံးထုးစိုက်ခံရသလို ပြုတ်ကျလုမတက်ဖစ်သွားတယ်...

"PENELOPE​ ELKART..."

"PENELOPE​ ELKART???"

"မင်းကိုအချိန်တစ်ခုအထိတော့ ငါတို့ရဲ့​ELKART​ဆိုတဲ့နာမည်ကနေဖယ်ထားရလိမ့်မယ်..."

အဲ့နာမည်ကငါနဲ့အရမ်းရင်းနှီးနေသလိုခံစားနေရတယ်...ငါ့ရဲ့ခေါင်းကိုအမြန်မော့လိုက်တဲ့အခါ...ငါတစ်ခါမှမတေွ့ဖူးတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုငါရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်...

DITOEFVWhere stories live. Discover now