အခန်း - ၉

Comenzar desde el principio
                                    

ဘုန်းမြတ်မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အိမ်ပေါ်သို့တက်လာသည်။ယခုမှပင် အစောတုန်းကအသေအချာမကြားခဲ့ရတဲ့ မိမိ၏အမေဖြစ်သူ၏ အော်ငိုသံအားအသေအချာကြားလိုက်ရသည်။ဘာများဖြစ်လို့ပါလိမ့်။ဒီလောက်ထက်ထိအော်ငိုနေယုံထောက်။

" အမေ ဘာဖြစ်လို့ဒီလောက်တောင် အော်ငိုနေရတာလဲဗျာ။သား နာမည်ကြီးတ တပြီးတော့။ "

" အမေလည်းအော်ငို ချင်လို့ငိုနေတာ မဟုတ်ပါဘူး။သားရယ် အခုတော့သားအစ်မ လုပ်ပုံကကောင်းလား ကြည့်အုံး။အမေတော့လေ ဟောဒီမျက်နှာကို ဘယ်နားထားလို့ထားရမည်မှန်းအသေအချာမသိတော့ပါဘူးကွယ်။ "

အမေဖြစ်သူ၏ သူ့မျက်နှာသူကိုင်ကာ ပြောနေသည်ကို ဘုန်းမြတ် အူကြောင်ကြောင်နှင့်ပင် ကြည့်လိုက်ရတော့သည်။ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကိုပင် သူအသေအချာမသိတော့။တစ်ယောက်လောက်လာရှင်းပြပေးရန်သာ မျှော်လင့်နေရတော့သည်။သို့သည့်တိုင် သူလက်မလျှော့အမေဖြစ်သူအား ရအောင်မေးရန်ဆုံးဖြတ်ထားသည်။

" အမေ့ သားကိုလည်းပြောပြပါအုံး။ဘာတွေဖြစ်နေလဲဆိုတာ။ "

အငိုမတိတ်ဘဲ မိမိနာမည်ကိုတကာ ဆက်တိုက်ငိုနေသောကြောင့် ဘုန်းမြတ်ခေါင်းရှိဆံပင်များကိုသာ လက်ဖြင့်အကြမ်းပတမ်းသပ်ကာမေးလိုက်ခြင်းဖြစ်သည်။

" ဘုန်းမြတ် သားအစ်မလေ သားအစ်မ... ။"

" ဘာဖြစ်လို့လဲ မမက။ "

" သားအစ်မ ယောက်ျားနောက်လိုက်သွားလို့။ "

" ခင်ဗျာ။ "

ဟုတ်ပါသည်။ဖြစ်ပျက်ခဲ့ ကိစ္စရပ်များအတွက် ဘုန်းမြတ် " ခင်ဗျာ " တစ်လုံးတည်းသာ ပြောနိုင်တော့သည်။

" ဟုတ်တယ်သားရဲ့ မင်းအစ်မမနက်တုန်းက အစောကြီးထပြီး ဘုရားမရှိခိုးထမင်းအိုးမတည်လို့။အမေ နေများမကောင်းဘူးလားဆိုပြီးတော့ ခြင်ထောင်လှန်ပြီးကြည့်တာ။စောင်ခြုံထားတဲ့ ဖက်လုံးကြီးပဲတွေ့တော့ အမေကအိမ်သာများသွားလားဆိုပြီး နောက်ဖေးအိမ်သာကို သွားကြည့်တော့လည်းမရှိ။အခန်းထဲပြန်ဝင်ကြည့်တော့ ဟောဒီစာတစ်စောင်ပဲတွေ့တယ်။သားအဖေကတော့ သားအစ်မကိုရှာမယ်ဆိုပြီး ထွက်သွားတာပဲ။သားအဖေလာမှာဖတ်မယ်ဆိုပြီးထားထားတာ။ "

သူကြီးကတော်(BL)Donde viven las historias. Descúbrelo ahora