Xiao Zhan နဲ့ကျင်းရီ သက်ပြင်းပြိုင်တူချမိသည်။


" ကလေး ကိုယ်ဒီနေ့အစည်းအဝေးက အရေးကြီးတာကြောင့် ခဏပဲသွားမယ်နော် ပြီးရင်ပြန်လာခဲ့မယ် "

ရိပေါ်ခေါင်းညိတ်လိုက်သည်။

" နေလည်စာစားပြီးရင် ဆေးသောက်ပြီး တရေးအိပ်လိုက်အိပ်ရာနိုးတာနဲ့ ကိုယ့်ကိုတွေ့ရမယ်နော် ဟုတ်ပြီလား "

ရိပေါ်ခေါင်းညိတ်လိုက်သည်။

" မြန်မြန်ပြန်လာပါ ကိုကိုလို့ပြောရင် သိပ်ကောင်းမှာပဲ "

ကလေးစကားမပြောတာကြာတော့ ကလေးအသံကိုသူလွမ်းသည်။

" ကိုယ့်သွားပြီ "

Xiao Zhan ကလေးပါးကိုနမ်းပြီး ဖန်ရှင်းတို့ကိုမှာခဲ့ကာ
ကုမ္ပဏီကို ထွက်လာခဲ့လိုက်သည်။

" အား.. "

သခင်လေးနေခင်းအိပ်နေရင်း ဗိုက်ကိုထိကာ
အော်လာသည်။

" သခင်လေးဗိုက်ဘာဖြစ်လို့လဲ  "

သခင်လေးဘာမှမပြောပဲ မျက်ရည်ကျလာသည်။

" ကျင်းရီ! "

ဖန်ရှင်း ကျင်းရီကိုအော်ခေါ်ကာ ဆေးရုံကားကိုခေါ်ခိုင်းလိုက်သည်။

🏢

Xiao Zhan  ဖန်ရှင်းနဲ့ဖုန်းပြောပြီး ဆေးရုံကိုမြန်မြန်လိုက်လာလိုက်သည်။

" ဖန်ရှင်း! "

" သခင်လေးကောပါလာတာပဲ "

Xiao Zhanနဲ့အတူလိုက်လာတဲ့ Yu Binကိုမြင်ကာ
မေးလိုက်ခြင်းဖြစ်သည်။

" မင်းရဲ့သခင်လေးစိတ်လှုပ်ရှားပြီး ကားမမောင်းနိုင်မှာဆိုးလို့ ငါမောင်းလာတာ "

" အဲ့တာအသာထားပါ ပေါ်ပေါ်ကော အခြေအနေ "

" ခွဲခန်းထဲဝင်သွားတာတော့ နာရီဝက်လောက်ရှီပြီ
သခင်လေး "

Xiao Zhan အပြင်မှာရပ်နေပြီး စိတ်ပူနေမိသည်။

" ဒေါက်တာထွက်လာပြီ ! "

ဖန်ရှင်းအသံကြောင့် Xiao Zhan မျက်စိမှိတ်
ဆုတောင်းနေရင်းမှ မျက်စိဖွင့်လာသည်။

ချစ်ခြင်းစေရာWhere stories live. Discover now