အပိုင်း - ၁

Depuis le début
                                    

နောက်စက္ကန့်ပိုင်းမှာပဲ လုံးဝကိုစိတ်မပါဘဲနဲ့ ပြောလိုက်ရတာက : "အာ~ ကောင်းပြီလေ စုတျန်းတျန်း၊ နင်ငါ့ကို ပေးနမ်းမယ်ဆိုရင် ဒီသခင်လေးက မင်းကိုလွှတ်ပေးမယ်!"

"အရှက်မရှိလိုက်တာ!" စုတျန်းတျန်းဆိုတဲ့ ကောင်မလေးရဲ့မျက်နှာက ပိုတောင်နီရဲလာပြီး သူမမျက်လုံးတွေက ဒေါသကြောင့် ပိုမိုတောက်ပလာတယ်။

နေစမ်းပါအုံး!

ရုတ်တရက် လင်ရှန်း လေအေးတစ်ချက် ရှိုက်လိုက်မိတယ်_

အတန်းရဲ့ အားဆေးလေး!

Kabedon!

ကောင်မလေးတွေကို စနောက်ပြီး အနိုင်ကျင့်တဲ့ကောင်!

ပြီးတော့ ဒီစုတျန်းတျန်း...

သူက... ဒီကောင်မလေးက သူ့ညီမဖတ်နေတဲ့ << ကျောင်းရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးက မင်းကိုဖမ်းစားတော့မယ် : လွတ်လမ်းမရှိဘူး အချစ်ကလေး! >> ဆိုတဲ့ ၀တ္ထုထဲက ဇာတ်လိုက်မ မဟုတ်လား?!

နံရံနဲ့ အပိတ်ခံထားရတဲ့ စုတျန်းတျန်းကို မယုံကြည်နိုင်စွာ လင်ရှန်းကြည့်မိသွားတယ်။

သူမရဲ့ ကြီးမားလုံးဝိုင်းနေတဲ့မျက်လုံးကြီးတွေနဲ့ လန်တက်နေတဲ့ နှာခေါင်း။

သေးသေးလေးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဖရဲသီးမျက်နှာလေး။

သူမက animeတွေထဲမှာသာ မြင်တွေ့နိုင်သော လှပပြီးရှေးဆန်တဲ့ဟိတ်ဟန်ရှိတဲ့ကျောင်းဝတ်စုံကို ဝတ်ဆင်ထားတယ်။

လင်ရှန်း လက်ကိုပြန်ရုပ်ကာ စုတျန်းတျန်းကို လွှတ်ပေးဖို့ နောက်ထပ်ကြိုးစားလိုက်တယ်။

ဒါပေမယ့် သူ့လက်ဝါးက နံရံမှာ စူပါဂလူးနဲ့ကပ်ထားသလိုမျိုးဖြစ်နေကာ သူ့ရဲ့ခန္ဓာကိုယ်ကအစ အရမ်းတောင့်တင်းနေပြီး လုံးဝမလှုပ်သာမယှက်သာဖြစ်နေတယ်။

ရုတ်တရက် သူစိတ်မတင်းထားနိုင်တော့ဘူး!

အဲ့ဒိ့ << ကျောင်းရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးက မင်းကိုဖမ်းစားတော့မယ် : လွတ်လမ်းမရှိဘူး အချစ်ကလေး! >> ဆိုတဲ့ နာမည်နဲ့တင်ကို ကျောင်းတွင်းရိုမန့်တစ်ဇာတ်လမ်းလေးတစ်ခုမှန်း ရှင်းနေပြီလေ။ အဲ့တာကို စူပါမာရီယိုဆူးက ရေးထားတာဖြစ်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Où les histoires vivent. Découvrez maintenant