Winသိလိုက်ပါပြီဤ​နေရာက​ဆေးရုံဟူ​သော​နေရာပင်။win​ဖြေညင်းစွာခန္ဓါယ်ကိုသယ်ပြီးအိပ်​နေရာမှထကာ​ဘေးပတ်လည်ကို​ဝေ့၀ဲကြည့်ရင်းအခန်းထဲသို့၀င်လာ​သောထိုလူမှာသူ့ကိုစိုးရိမ်​နေ​သောမျက်၀န်း​တွေဖြင့်အ​ပြေးသူ့ဆီလာကာ...

"ညီဘာဖြစ်သွား​သေးလဲ..အကို​တောင်းပန်ပါတယ်...အကို့​ကြောင့်ဒီလိုဖြစ်သွား​တော့အရမ်းအားနာပါတယ်"

"ရပါတယ်အကိုရယ်...ကျွန်​တော်ဘာမှမဖြစ်ပါဘူး"

"​တော်​သေးတာ​ပေါ့..​ရော့ငါ့ညီအတွက်​ဆေး"

"အာ...အကိုဒီ​ဆေးဖိုးရှင်းပြီးသွားပြီလား"

"ရှင်းပြီးသွားပြီငါ့ညီရဲ...ဘာဖြစ်လို့လဲ"

"ဟို...ကျွန်​တော့်မှာအကို့ကို့ပြန်​ပေးဖို့ပိုက်ဆံမရှိဘူးကျွန်​တော်ကအလုပ်မရှိ​တော့"

"ရပါတယ်ကွာဘာမှဖြစ်ဘူး"

"ဒါဆိုလည်းတကယ်​ကျေးဇူးတင်ပါတယ်ဗျာ"

"ဒါနဲ့ငါ့ညီအလုပ်လိုအပ်ရင်အကိုတစ်ခု​လောက်အကူအညီ​ပေးမယ်​လေ"

"ဗျာ..တကယ်လား..ဒါ​ပေမဲ့ကျွန်​တော်ကပိုက်ဆံ​တော်​တော်လိုအပ်​နေတာဗျ"

"တစ်​နေ့ထဲနဲ့သိန်းချီ၀င်တဲ့အလုပ်ဆိုရင်​ကော"

"ဘယ်လိုအလုပ်လဲအကို..ကျွန်​တော်စိတ်၀င်စားတယ်"

"Inn...မျိုးတူချင်းsexလုပ်ရမှာတစ်နည်းအားဖြင့်One night stand"

"ဗျာ"

"ဟုတ်တယ်ဒါကလည်းညီစိတ်၀င်စားမှပါသ​ဘောတူမှ​ပေါ့..အကိုအတင်းအကျပ်မလုပ်ခိုင်းဘူး​နော်..​ရော့ဒါကအကိုကတ်..အကို့နာမည်ကMikeပါ။ညီစဥ်းစားပြီးရင်ဖုန်း​ခေါ်လိုက်"

Win​ခေါင်းထဲမှာချာချာလည်....ဒီလို​တွေကအပြင်မှာပါရှိတာလား။ဟင့်အင်းငါမလုပ်ဘူး။ဒါ​ပေမဲ့အ​မေ....
Winမျက်လုံးထဲမှာနာမကျန်းဖြစ်​နေတဲ့အ​မေ့ပုံကရေကိုခဲနဲ့ပစ်​ပေါက်သလိုတစ်ခဏအတွင်းလှုပ်ရှားမ​ရေရာသွား​သောသူ၏ဆုံးဖြတ်ချက်ကိုဖြိုခွင်းသွား၏။သူလုပ်သင့်လား၊အကယ်၍မလုပ်ခဲ့ရင်​ကော..သူ​နောင်တမရချင်ပါ...အ​မေ့ကိုသူဒီအတိုင်းမျက်ကွယ်ပြုပြီးမကြည့်နိုင်​သော​ကြောင့်ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

နင့်Where stories live. Discover now