"အဟွတ်..အဟွတ်"
Winသူ့အမေရဲ့ချောင်းဆိုးသံကြောင့်အိပ်ခန်းထဲသို့အမြန်ပြေးသွားရသည်။
"အမေ...ဘာဖြစ်လို့လဲ"
"ဘာမှဖြစ်ပါဘူးငါ့သားရယ်"
Winအမေကတော့လက်တစ်ဖက်ကိုနောက်ဖွက်ကာအပြုံးခပ်အေးအေးဖြင့်ကျန်လက်တစ်ဖက်နှင့်winကိုလက်ခါပြလေ၏။
"အမေမညာစမ်းပါနဲ့..ပြအမေဖွက်ထားတဲ့လက်ကို.."
Winသူ့အမေရဲ့ဖွက်ထားတဲ့လက်ကိုဆွဲယူကြည့်လိုက်ရာသွေးတွေရဲရဲနီအောင်လက်ဖ၀ါးလေးပေါ်မှာစွန်းထင်နေလေ၏။
ပါးစပ်ကလည်းအမြန်သုတ်ထားသည့်ထင်ဘေးနားလေးမှာသွေးရောင်နည်းနည်းပေနေသည်။
Winဘယ်လိုလုပ်ပေးရပါ့။အမေ့အခြေအနေကတစ်နေ့ထက်တစ်နေ့ဆိုးရွာလာလိုက်တာသူသိပါသည်။သို့သော်လည်းဟိုတစ်နေ့ကအလုပ်မှာသူ့ကိုချောက်တွန်းကျသောလူတစ်ချို့ကြောင့်မခံချင်စိတ်ဖြင့်အလုပ်ထွက်ခဲ့သည်။သူမှားပြီလား။အနည်းဆုံးတော့သူတောင့်ခံခဲ့သင့်သည်။အခုတော့အလုပ်ကနေစုထားသောပိုက်ဆံသာအမေ့ဆေးဖိုးဘဲတတ်နိုင်သည်။ဒါတောင်ဆေးကုဖို့မပါ။winမျက်ရည်လေးတွေအရည်ကြည်သိုင်းနေသောမျက်၀န်းတစ်စုံဖြင့်အမေ့ကိုမော့ကြည့်လိုက်ရာအမေကတော့သူ့ကိုပြုံးပြလေ၏။
"အမေရယ်"
"သားရယ်အမေအဆင်ပြေပါတယ်ကွယ်"
"ဟင့်အင်းအမေအဆင်မပြေပါဘူး..သွေးကင်ဆာအကြောင်းကိုသားစာဖတ်ပြီးပြီအမေ..အရမ်းခံစားရခက်တာတဲ့။အမေသနားပါတယ်..အီးဟီး.."
"မငိုပါနဲ့သားရယ်တစ်ကယ်တော့အမေလည်းလက်လျှော့ချင်နေပါပြီ..ငါ့သားလေးကိုစိတ်မချလို့သာ..ငါ့သားလေးဒီလိုပုံစံဖြစ်နေရင်အမေဘယ်လိုစိတ်ချရပါမလဲ...မငိုပါနဲ့ကလေးရယ်"
"သားအတ္တကြီးသွားလားဟင်..သားအမေကိုသွားခွင့်မပေးနိုင်ဘူးအမေရယ်..သားအရာအားလုံးထက်အမေ့ကိုလိုချင်တာပါ..အမေမရှိတဲ့ဒီလောကကြီးကိုရင်ဆိုင်ရမှာသားကြောက်တယ်အမေ"
