ဘ၀မှာအမေဆိုသည်ကနှစ်ခါပြန်မရနိုင်တဲ့သက်ရှိအရာလေးပေါ့။တစ်ချို့ကတော့မိဘကိုဖြစ်စလွယ်သဘောထားတတ်ကြတယ်။မယားထက်၊ချစ်သူထက်အမေဆိုသောမြင့်မြတ်လွန်းလှတဲ့ထိုလူသားကိုတစ်ချို့သောလူမိုက်တွေကဥပက္ခါအခါခါပြုလျှက်။"အမေပြောတော့တစ်လ၊မယားပြောတော့တစ်ညေ"တဲ့၊ဤစကားပုံလေးကိုလူတော်တော်များများကကျင့်သုံးကြလေသည်။သို့သော်ဤအရာ၏အနောက်ကအမေ့ရဲ့စေတနာ၊မေတ္တာတွေနဲ့မျက်ရည်တို့ကိုမမြင်ကျချေ။ဆုံးရှုံးသွားပြီးမှတန်ဖိုးထားတတ်လာကြသောလူသားတို့၏နောင်တတရားတို့တွင်မိဘကိုဆုံးရှုံးရခြင်းလောက်မည်သည့်အရာကပိုခံရခက်ဦးမှာပါနည်း...
~~~~~~~~~~~~~~~~~~~~~~~~~~
Winအမေ့ကိုသဘက်ခါကင်ဆာကုထုံးဖြင့်ဆေးရုံကုသရမည်ဖြစ်သောကြောင့်စိတ်အနည်းငယ်ရှုပ်ထွေးနေလေသည်။
ပိုက်ဆံကလည်းအလောက်အငှမရှိ။သဘက်ခါလည်းသွားပြရမည်ဆိုသောကြောင့်ဘယ်ကနေပိုက်ဆံကိုသွားတွင်းရမည်မသိ။ထို့ကြောင့်စိတ်ညစ်ညစ်နဲ့လမ်းထိပ်မှာအမေ့အတွက်အာဟာရဖြစ်စေမည့်အစားစားကိုသွား၀ယ်ရန်ထွက်လာခဲ့သည်။
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ခေါင်းငိုက်စိုက်၍လျှောက်လာခဲ့သည်။သို့သော်တစ်နေရာအရောက်winလမ်းထောင့်ကိုချိုးကွေ့ပြီးအလျှောက်၊တစ်ဖက်ကကွေ့လာသောကားကိုwinမမြင်ဘဲဆက်လျှောက်ရာကြားရလိုက်ရသောကားဟွန်းတီးသံကြောင့်ပြာပြာသလဲမော့ကြည့်လိုက်သည်။
နီးကပ်လာသောကားအရှိနွကြောင့်.winမှာဒူးတွေတုန်လာပြီးမျက်လုံးကိုမှိတ်လက်ကိုကျစ်ကျစ်ပါအောင်စုပ်လျှက်မြေပြင်ပေါ်သို့ခန္ဓါကိုယ်မှာလဲကျသွား၍အမှောင်ကမ္ဘာသို့winတစ်ယောက်ခုန်ကူးဆင်းလျှက်.....
"လူနာရဲ့အခြေအနေကကောင်းပါတယ်..ဘာမှထိခိုက်တာမရှိပါဘူး"
"ဟုတ်ကဲ့ကျေးဇူးပါဆရာ"
"ဆေးကတော့ကောင်တာမှာသွားထုတ်လိုက်နော်..ဒါဆိုဒေါက်တာသွားပြီ"
"ဟုတ်ကဲ့ဆရာ"
Winနှာခေါင်းထဲသို့ဆိုးရွားစွာ၀င်လာသောပိုးသတ်ဆေးအနံ့ကြောင့်မျက်လုံးအစုံကိုဖြေညင်းစွာဖွင့်လိုက်သည်။ထို့နောက်တွေ့လိုက်ရသောအဖြူရောင်မျက်နှာကျတ်နှင့်အတူလည်ပတ်နေသောပန်ကာမှာwinရဲ့မျက်နှာမူရာအရပ်မှာတည်ရှိလေသည်။
part2(UNi/Zaw)
Start from the beginning
