..19..My Lovely Secretary

6K 545 4
                                    

II Zawgyi II

" ဟေ့... ဟေ့ "

ကျန်းချန် လက်ထဲကဖုန်းလွှတ်ကျသွားတော့တယ်။ အမြန်ပြန်ကောက်ပြီး အရှေ့ကိုမကြည့်ဘဲပြေးလိုက်တော့ အရှေ့မှာလမ်းမီးတိုင်အသေးလေးနဲ့တိုက်ပြီး အီစလန်ဝေသွားကာ ပတ်လပ်ကြီးလဲကျသွားတော့တယ်။ ဒါမဲ့မြေပြင်ပေါ်မကျဘဲ နွေးထွေးတဲ့ရင်ခွင်ထဲကျသွားတာမို့...

"ခင်..ခင်ဗျား ဘာလို့လိုက်လာတာလဲ "

"အိုး...ကိုယ်ကမင်းကိုတွေ့လို့မှတ်မိနေတာနဲ့ ခေါ်လိုက်ရုံတင် မင်းလေးကပြေးသွားတော့ ဘာလို့ကိုယ့်ကိုလန့်ပြီး ပြေးတာလဲလို့မေးမလို့လေ "

ရှီးချန် တစ်ယောက်ရယ်ချင်တာကို အောင့်အီးသီးခံနေရတာ ဝမ်းဗိုက်ကကြွက်သားတွေတောင် တုန်ရီနေပြီ။ အူကြောင်ကြားပုံလေးကြောင့်

"မင်းနာမည်ဘယ်လိုခေါ်လဲ ဪ ကိုယ်ကလန်ရှီးချန်တဲ့ "

ကျန်းချန် နဖူးကိုပွတ်ရင်းနဲ့ လန်ရှီးချန် ဆိုတဲ့လူကိုမျက်စောင်းထိုးလိုက်ပြီး

"ဘာလို့ပြောရမှာလဲ "

"ကျန်းချန်...ဘာဖြစ်သွားသေးလဲ "

နာမည်မပြောချင်ဘာဘူးဆို အသံပြဲကြီးနဲ့အော်ပြီးပြေးလာတဲ့ ရှောင်းကျန့်... ဘာဖြစ်ဖြစ်အပြစ်မတင်နိုင်ပါဘူးလေ ကိုယ့်ကိုစိတ်ပူလို့ပြေးလာတာဘဲ့မလား ကျန်းချန် ရှောင်းကျန့် အနားကိုပြေးသွားပေမဲ့ အနောက်ကCEO ကြီးကိုမြင်လိုက်တာနဲ့ ခြေလှမ်းတွေရပ်သွားတော့တယ်။

"ကျန်းချန်... "

"အော်... ငါ့ ငါ့နောက်ကိုအဲ့လူလိုက်လာလို့ "

ရှောင်းကျန့်နဲ့ရိပေါ် ကျန်းချန် ပြောတဲ့သူကိုကြည့်တော့ ပြုံးရွှင်စွာကြည့်နေတဲ့ လန်ရှီးချန် ကိုမြင်လိုက်ရတယ်။ ရှောင်းကျန့် ကတော့ရှီးချန်ကိုပြုံးပြပြီး နားမလည်သလိုလေးဖြစ်နေပေမဲ့ ရိပေါ်ကတော့ သူ့သူငယ်ချင်းကြီးအကြောင်းကို အတွင်းသိဖြစ်တာကြောင့်

"ရှီးချန် မင်းလိုက်ရင်ကောင်းကောင်းလိုက်ပါလား Bae နေမကောင်းတဲ့ကြားကထွက်လာရတယ် "

"သိ...သိနေကြလား "

ကျန်းချန် ကြောင်တောင်တောင်ဖြစ်နေတုန်း လေအေးတွေကလည်းတိုက်လာတယ်။ ရိပေါ် အပြင်ကုတ်ကိုချွပ်ကာရှောင်းကျန့် အပေါ်ခြုံပေးပြီး

My Lovely Secretary(Complete)Where stories live. Discover now