"ဟူးးးး"

"ဘာလို့ သက်ပြင်းတွေချနေတာလဲ ညီလေးမိုးစက်ညီ"

"ဘားမဟုတ်ပါဘူးဗျာ ဒီလိုပါဘဲ စိတ်နဲနဲလှုပ်ရှားနေလို့ အဟင်း"

"ဘာလို့လဲ"

"ဘာလို့လဲတော့ မသိပါဘူး ပုံမှန်ဆိုဒီလို ရင်မတုန်ဖူးဘူး ကြည့်ရတာ ပထမဆုံးအလုပ်ဆင်းရမဲ့ရက်မို့နေမာပါ😁"

"‌အကို့အလုပ်စဆင်းတုန်းကလည်း အက်လိုဘဲ၊ဘာမှမဖြစ်ပါဘူး အလုပ်လုပ်ပီးတစ်ရက်နှစ်ရက်ဆို နေသားကျသွားမာပါ"

"ဟုတ်ကဲ့ အဟင်း"

ညီနဲ့ ကိုဇွဲမာန် စကားတပြောပြောနဲ့ ကားမောင်းလာတာ အိမ်ကိုရောက်မှန်းမသိရောက်လာကြသည်။

"Wow 😮"

ညီ တကယ်ကိုမင်သက်သွားသည်၊မနေ့က ကြောက်နေတဲ့အရှိန်ရယ် အိမ်ပြန်ချင်တဲ့စိတ်ရယ်ကြောင့် အိမ်ကိုသေချာမကြည့်ခဲ့မိ၊ခြံဝန်းကျယ်ကြီးထဲမာ အိမ်ကို ၃ပုံ၂ပုံလောက်ကိုဆောက်ထားတာကြောင့် ‌အိမ်ကတော်တော်ကြီးသည်။ပီးတော့ သုံးထပ်တိုက်ဖြစ်တာကြောင့် အဝေးကြီးကကြည့်ရင်တောင် မြင်ရနိုင်သည်။ပီးတော့ ခြံထဲမာ ကနုတ်ပန်းတွေနဲ့သစ်သားဒန်းတစ်ခုရှိသည်။၈ပေ ပတ်လည်လောက်ရှိတဲ့ ရေကူးကန်တစ်ခုရှိသည်။
အေးပေါ့လေ၊ကမ္ဘာကျော်မင်းသားတျောက်အိမ်ဘဲ ဒီလောက်တော့ရှိမာပေါ့။ဒါမဲ့ တျောက်တည်းနေတာကို ဒီလောက်အိမ်အကြီးကြီးဆောက်တာတာ‌ကတော့ နဲနဲပိုသလိုခံစားရသည်။

"ရောက်လာပီလား"

"အွန်း"

"အန်တီမြ သူ့ကို ဒုတိယထပ်မာ ထားလိုက်ပါ၊ အိမ်ကစည်းကမ်းတွေကိုလည်း ပြောပြလိုက်အုမ်း‌ေဏာ်၊ပီးတော့ မင်းက ဒီနေ့တော့ငါ့ရှူတင်ကိုမလိုက်နဲ့တော့ အိမ်မာဘဲနေခဲ့"

မင်းခြွေရံ ဧည့်ခန်းကဆိုဖာခုံပေါ်မာ တင်ကလင်ချိတ်ထိုင်ပီး ညီနဲ့အန်တီမြကို တဆက်တည်းမှာတမ်းခြွေနေတော့သည်။

"ကိုဇွဲမာန် ကျတော်တို့ Shootingသွားရအောင်"

ပြောပီး မင်းခြွေရံနဲ့ကိုဇွဲမာန်တို့ နှစ်‌ယောက်အိမ်ထဲကနေထွက်သွားကြသည်။

Tom&Jerry♥️Where stories live. Discover now