Chapter - 97 🚨🌚

Start from the beginning
                                    

ယာရှာရဲ့ အဆင့်မြင့် လက်ရုံးက ပါးလစ်၍သာသော်သေးတယ် … သူက မင်းယွီမထိခိုက်တာသေချာတော့မှ စိတ်အေးသွားစေရန် ပါလာတဲ့ရေကိုတိုက်လိုက်ပြီး ကားပေါ်မှာ ခနထိုင်နေစေပြီးနောက် အပြင်သို့ထွက်သွားတယ် …

ထိုလူက ကားရဲ့အရှေ့တည့်တည့်မှာရပ်နေပြီး အမှောင်ထုတွင်း၌ တစ်စုံတစ်ရာရှိနေသည့်နယ် အာရုံစူးစိုက်ကာကြည့်နေပြီး သတိအပြည့်နဲ့  ကြီးမားသည့် အန္တရာယ်တစ်ခုခုကို ရင်ဆိုင်ရတော့မည့်နယ် … မင်းယွီ သိချင်စိတ်ဖြင့် ထိုလူမျက်နှာမူနေသည့်  အမှောင်ထုတွင်းသို့ အကြည့်ပို့လိုက်ချိန်တွင် တဖွဲဖွဲကျနေတဲ့ နှင်းမှုန်တွေကြားကနေ ရုတ်တရပ် စူးရှရှမီးအလင်းရောင်ထွက်ပေါ်လာပြီး ထိုမီးက မင်းယွီရဲ့မျက်ဝန်းများပင် ကျိန်းစပ်သွားစေတယ် …

မင်းယွီမျက်ဝန်းတွေကို ကြိုးစားကာပြန်ဖွင့်မိတော့ ထိုမီးက ဆိုင်ကယ်တစ်ခုရဲ့ ရှေ့မီးလုံးဖြစ်ပြီး အရှေ့တည့်တည့်မှာ ရပ်နေတဲ့ လူရဲ့အရိပ်က သူ့မျက်ဝန်းကိုစူးစေတဲ့အလင်းရောင်ကို ကွယ်ပေးလိုက်သလိုပင် အရာအားလုံးကို ရှင်းလင်းစွာမြင်လိုက်ရတော့တယ် … အရှေ့မှာ ရပ်နေတဲ့ ယာရှာရဲ့လူဟာလဲ တုန်လှုပ်သွားပြီး အနောက်ကိုပင်ခြေ ၂ လှမ်းမျှ ဆုတ်ခွာလိုက်တယ် …

မင်းယွီအမြင်တွေရှင်းလင်းသွားချိန်တွင် သူ့မျက်ဝန်းထဲမှာ မြင်နေရတဲ့ပုံရိပ်ဟာ သူနဲ့အရမ်းရင်းနီးလွန်းနေပြီး ခင်္သြေ့တစ်ကောင်ပမာ ခုန်အုပ်တော့မည့်နယ် သူတို့အား တားစီးထားလေတယ် … အနီရောင် ဆန်တာကလောစ့်ဝတ်ဆုံး အပေါ်မှာ နှင်းမှုန်တွေတင်ကျန်နေပြီး အေးစပ်တောင့်တင်းလျှက် ခရစ္စမတ်အကြိုရုပ်ထုအလားပင်ထင်ရစေတယ် … သို့ပေမဲ့ ထိုလူဟာ အရုပ်တစ်ရုပ်မဟုတ်နေခဲ့ …

သူ့ရဲ့မျက်ဝန်းတွေက ခင်္သြေ့တစ်ကောင်ပမာ စူးရဲနေပြီး တဟုန်းဟုန်းတောက်လောင်နေတဲ့ ဒေါသမီးလျှံတွေက မျက်ဝန်းထဲကနေ ထိုးဖောက်ထွက်လာကာ ရေခဲပြင်ဖြစ်နေတဲ့ ကမ္ဘာကြီးကို အရည်ပျော်ကျသွားသည်ထိ လောင်မြိုက်စေတော့မည့်နယ် သူ့အကြည့်တွေက လွန်စွာ အန္တရာယ်များလွန်းလှတယ် … ထိုစဉ် ခင်္သြေ့တစ်ကောင်ရဲ့ ဟိန်းဟောက်သံပမာ မန်အပြည့်နဲ့ကျယ်လောင်လှတဲ့ အသံတစ်ခုထွက်ပေါ်လာလေတော့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now