အရှင်ကသာ တုန်လှုပ်နေပေမယ့် အခုလေးတင် အသက်ဘေးက လွတ်လာတဲ့ ကြင်ယာတော်လေးကတော့ အေးအေးဆေးဆေးပဲ ကြောက်စရာမှမရှိတာ ကာကွယ်ပေးမယ့် အရှင်တစ်ယောက်လုံးရှိတာ
ကြိုပြီးပြောပြထားတဲ့ systemလေးကိုလည်း ကျေးဇူးတင်ရမယ်
systemလေးကြောင့်သာမဟုတ်ရင် တရားခံတွေကို ဒီလိုအကွက်ကျကျ ဖမ်းခဲ့နိုင်မှာမဟုတ် အိမ်မက်ထဲမှာ လုပ်ကြံခံရတယ်ဆိုတဲ့ သူ့ရဲ့ အူကြောင်ကြောင်စကားတွေကိိုလည်း အရှင်က ယုံကြည်ပေးခဲ့လို့သာ
ကြင်ယာတော်နှစ်ယောက် အဖမ်းခံရခြင်းနဲ့ အတူ တစ်ဟုန်ထိုးတက်လာတဲ့ mission percentတွေ
ဘာလိုလိုနဲ့ mission ကြီးတောင်ပြီးတော့မှာပဲ အရှင်နဲ့ ခွဲရတော့မယ်ဆိုတော့လည်း
လူချောလေးနဲ့ ခွဲရမှာမို့ နဲနဲတော့ နှမျောသား

*ဟုတ်ရဲ့လား host လူချောလေးမို့ မခွဲချင်တာလား အရှင်မို့မခွဲချင်တာလား *

*မရှည်နဲ့ ​Xiao Paing *

hostကလေ အဲ့လိုကြည့်ပဲ ဒီsystemလေးက အောင်သွယ်ပေးမို့ပါဆို
ဘာပဲ ဖြစ်ဖြစ်ဘဝတွေ အများကြီးတော့ကျန်ပါသေးတယ်
hostလေး ချစ်တတ်လာမှာပါ

*host လက်စားချေတာ 40% ရောက်လာပါပြီ ကြင်ယာတော်နှစ်ယောက်က မိဖုရားရန်ကို ပါဆွဲထည့်လိုက်ပါပီ *

*ကောင်းတယ် သိပ်ကောင်းတယ် အချင်းချင်း ပြန်ဖော်နေကြတော့ အပင်ပန်းခံစရာမလိုတော့ဘူးပေါ့ *

*သူတို့သုံးယောက် အတွက် အရှင် ချမှတ်တဲ့ အပြစ်ဒဏ်ပေါ်မူတည်ပြီး percent တက်လာမှာပါ host
အပြစ်ဒဏ် လျှော့ပေါ့မပေးဖို့ အရေးကြီးပါတယ် *

*သိပြီ ဒီလောက်ဆို *

ရှောင်းကျန့်လည်း သူ့ရဲ့ missionတွေ ပြီးမြောက်ဖို့ မထွက်တဲ့ မျက်ရည်တွေ အတင်းညစ်ထုတ်ကာ
ကိုယ်လေးတုန်နေသည် အထိ​ကြောက်ရွံပြမိသည် ဒါမှ ဟိုမိန်းကလေး သုံးယောက်အပေါ် အရှင် အပြစ်တွေ မလျှော့ ပေးချင်မှာ

မကြာပါဘူး မိဖုရားရန်ကို ပါဝင်ကြောင်း သတင်းလာပေးတဲ့ ကိုယ်ရန်တော်လေးကို ထားခဲ့ ပြီး ကိုယ့်ဆီရောက်တဲ့ အရှင်

"ကြင်ယာတော်လေး သိပ်ကြောက်သွားခဲ့တာလား တောင်းပန်ပါတယ် ကိုယ့်အမှားပါ ကြင်ယာတော်လေးကို ဒီလိုလုပ်ကြံ ရဲတဲ့ အထိ လွှတ်ထားပေးမိတဲ့ ကိုယ့်အမှားပါ
ခုချိန်​ကစပြီး အဲ့လိုထပ်မရှိစေရအောင် ကာကွယ်ပေးမှာပါ
​မကြောက်နဲ့တော့နော် "

ဆန်းဆန်းကြီး systemWhere stories live. Discover now