Chapter - 96 ( ☃️❄️🌚🚨 )

Start bij het begin
                                    

" ညသန်ခေါင်ကျော်မှ လာဖြစ်မယ် … ငါသူတို့အိပ်ပျော်သွားတဲ့ထိ စောင့်ချင်တယ် "

" ကောင်းပြီ … နင်လာတာနဲ့ အဆင်သင့်ဖြစ်စေရမယ် "

ဖုန်းချသွားပြီးခနအကြာတွင် လုယီတို့သားအဖတွေလဲ မီးလုံးအလှဆင်ပြီး၍ အိမ်ထဲသို့ပြန်ဝင်လာကြတယ် … အိမ်ပေါ်ထပ်ကနေဆင်းလာတဲ့မင်းယွီကိုမြင်တော့ လုယီလေးကပြေးလာပြီး …

" ပါပါး … ပါပါး YiYiတို့ မီးမီးလှလှလေးတွေများကြီးလုပ်ထားတယ် … ဖွားဖွားလုပ်ပေးတဲ့မီးအိမ်သေးသေးလေးတွေလဲများကြီးပဲ … ညကြရင် လင်းသွားမှာ … ပါပါးကြိုက်လား "

လုယီလေးက လက်ဟန်ခြေဟန်တွေနဲ့ လုပ်ပြနေပြီး အလွန်ပျော်ရွှင်နေပုံပင် … ဖန်းဂူက တူညီတဲ့အမွေးပွပွ အနွေးထည်တစ်ခုကို မင်းယွီကိုယ်ပေါ် ဝတ်ဆင်ပေးလိုက်တယ် …

" ဒီနေ့အရမ်းအေးမှာလို့ကြားတယ် … အိမ်ထဲမှာနေရင်တောင် အနွေးထည်လေးဝတ်ထား "

လုယီလေးက ခရစ္စမတ်သစ်ပင် ရှိနေတဲ့နေရာထံ မင်းယွီကိုဆွဲခေါ်လာပြီး သူတို့နဲ့အတူ မီးသီးလေးတွေချိတ်ဖို့ တောင်းဆိုလာတယ် …

" ပါပါး … ဘာလို့ YiYiနဲ့လာမကချားတာလဲ … YiYiနဲ့မီးလုံးလေးတွေချိတ်ရအောင် … YiYiနဲ့ကမှီဘူး "

နှုတ်ခမ်းလေးဆူပြီး ပြောနေတဲ့သားလေးကို မင်းယွီအသဲယားစွာနဲ့ ပွေ့ဖက်လိုက်ပြီး …

" ဟုတ်ပါပြီ … ပါပါးတောင်းပန်ပါတယ် … ပါပါးသားလေးနဲ့အတူ မီးလုံးလေးတွေတပ်ကြမယ် "

မင်းယွီနဲ့လုယီလေး အနီရောင်ပုံးလေးထဲက မီးလုံးလေးတွေကို ခရစ္စမတ်သစ်ပင်၌ ပျော်ရွှင်စွာဖြင့် ချိတ်ဆွဲနေကြတယ် … ဖန်းဂူထိုမြင်ကွင်းလေးအား အဝေးကနေ ငေးမောနေရင်း ဖုန်းကောတစ်ခုဝင်လာတော့မှ ထိုနေရာကနေ ထွက်ခွာလာခဲ့တယ် …

" ချူးရှန့် "

" သခင်လေး … ကျွန်တော်အရေးကြီးကိစ္စတစ်ခုပေါ်လာဖို့ ဖုန်းဆက်လိုက်ရတာပါ "

" ဘာကိစ်စလဲ "

" မနက်ဖြန် ခရစ္စမတ်နေ့မှာ မြို့တော်ပါတီတစ်ခုလုပ်ဖို့ စီစဉ်ထားကြတယ် … အဲ့ဒိပွဲက လုပ်ငန်းရှင်ကြီးတွေနဲ့ အရာရှိကြီးတွေလာကြမှာ … ဒါပေမဲ့ ကြားရတဲ့သတင်းအရ အဲ့ပွဲမှာဖိတ်ကြားခံရတာက အမှောင်ဂိုဏ်းသားတွေလဲပါဝင်ကြမယ်တဲ့ … နိုင်ငံအရပ်ရပ်ကလူတွေစုံကြမှာ … အဲ့ဒါ သခင်လေးလဲဖိတ်ကြားခံရတယ်ဆိုတော့ တက်ရောက်ရင်ရော "

Mafia Is My Alpha ( Lion ) { Completed }Waar verhalen tot leven komen. Ontdek het nu