အပိုင်း(၅)

Start from the beginning
                                    

”စစ်ယီ မင်းသဘောက ဘယ်လိုလဲ”

”ချီမင်း ကျွန်တော်တို့လက်ဆက်ထားတာ ၆လကျော်ပါပြီ ချီမင်းအနေနဲ့ နောက်မိဖုရားကို မြှောက်သင့်တယ်ထင်ပါတယ် ဒါကချီမင်းကို မချစ်လို့ အခြားတစ်ယောက်ဆီပေးတာမဟုတ်ဘူးနော် ချီမင်းကို ချစ်လွန်းလို့ပါ”

        စစ်ယီစကားကြားတော့ ချီမင်း၏ ဒေါသတွေအကုန် လွင့်စင်သွားကာပြုံးလာမိသည်။

”ပြောပါဦး ကိုယ့်ကိုချစ်တာနဲ့ ဘယ်လိုဆိုင်လို့လဲ”

”အကယ်၍ သူတို့စကားအတိုင်းမလုပ်ရင် စစ်ပွဲဖြစ်မယ် အကယ်၍ စစ်ပွဲဖြစ်ရင် ချီမင်းနဲ့ကျွန်တော် ခွဲနေရမှာမို့လို့်ပါ ”

         စစ်ယီက ချွဲသလိုမျိုးပြောလိုက်တော့ ချီမင်းလည်း မငြင်းနိုင်။ စစ်ယီပြောတာလည်း မှန်သည်။ လက်ဆက်ရုံပဲ လက်ဆက်ရမှာ ဟုတ်တယ်။ ချီမင်းကတွေးလိုက်တော့သည်။ ချီမင်းက စစ်ယီ၏လက်လေးကို ပြန်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

”ကိုယ်တော် လက်ခံတယ်လို့ အမိန့်ပြန်ပို့လိုက်”

        ထိုအခါမှ အမတ်တွေလည်း သက်ပြင်းချနိုင်တော့သည်။ မိဖုရားခေါင်က လုံးဝကို မင်းကြီးအားချုပ်ကိုင်နိုင်တာပဲဟုတွေးမိသည်။

”စစ်ယီ ချွေးမလေး....စစ်ယီဘာဖြစ်တာလဲ”

           ချင်းလီ သူမ၏ချွေးမလေးကို စကားပြောဖို့ စစ်ယီကိုခေါ်လိုက်တော့ စစ်ယီမူးလဲတော့မလို ဖြစ်နေသည်ကိုသတိထားမိသည်။ ချီမင်းလည်း မယ်တော်ကြီးစကားကြားတော့ စစ်ယီကို လဲမကျခင် အချိန်မှီသူ၏ရင်ခွင်ထဲထည့်နိုင်သည်။

”စစ်ယီ... သတိထားပါအုန်း စစ်ယီ”

-----------------------------------

စစ်ယီသတိရလာတော့ သူ့အခန်းထဲ ပြန်ရောက်လာသည်ကိုတွေ့ရသည်။ ချီမင်းက စစ်ယီ၏ဘေးတွင် စိုးရိမ်နေသယောင်ပါလေ။ စစ်ယီလည်း လှဲနေရာမှထထိုင်လိုက်ပြီး ချီမင်းရင်ခွင်ထဲဝင်နေတော့သည်။

”ချီမင်း ကျွန်တော်ဘာဖြစ်သွားတာလဲ”

         စစ်ယီ ချီမင်းကိုမေးလိုက်တော့ ချီမင်းက စစ်ယီဆံပင်လေးကို သပ်တင်ကာ သမားတော်ကို မေးလိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now