"အာ...ချန်းလေးကလည်းငါ့အချစ်ဆုံးသူငယ်ချင်းကမင်းပဲရှိတာလေ...အခုဘာပြောမလို့ဖုန်းဆက်တာလဲ"

"အော်အေးဟုတ်သားပဲ ငါတို့ sundayညကြရင် ဘိုမီ မွေးနေ့ကသူ့အကိုသူငယ်ချင်းclubမှာတဲ့ မင်းdjတီးမှာဆို"

ဂျွန်ကို dj တီးမယ့်အကြောင်းမပြောလိုက်ရ ပြောရင်လည်းလွှတ်မှာမဟုတ်တော့ဘူး။ဘယ်သူမှသိမှာမှမဟုတ်တာတစ်ခါတစ်လေ ခိုးလုပ်ရမှာပဲ။

"အေး ဘိုမီက မွေးနေ့လက်ဆောင်အဲ့ဒါပဲလိုချင်တာတဲ့ သူ့သူငယ်ချင်းတော်တော်များများကိုပြောပြီးဖိတ်ထားလို့တဲ့ကွာ"

"မင်းလာလို့အဆင်ပြေတယ်မလား"

"ပြေတယ်လေ ဒါပေမယ့် ဂျွန်ကငါ့ကိုသူတို့အိမ်က ကားမောင်းတဲ့အကိုနဲ့သွားခိုင်းတာ ၉နာရီဆိုပြန်ရမယ်တဲ့"

"ဟာ....ထယ်ရာ ၉နာရီဆိုတာအစောကြီးလေးကွာ၁၀နာရီလောက်မှငါတို့ကစမြူးမှာလေ မင်းdj beatတွေကအဲ့အချိန်လောက်မှလန်းတာကို တစ်ခုခုကြံပါအုံး"

ဂျွန်ပြောတဲ့၉နာရီက စောမှန်းသိသည်။ဆက်ပြောနေရင်မသွားရမှာဆိုးလို့အလွယ်လက်ခံလိုက်တာ။သူသိတာမှမဟုတ်တာ သူပြန်လာမှာmondayညနေလောက်မှလို့ပြောသွားတာပဲလေ။

"ငါစဉ်းစားထားပါတယ် ဟိုအကို ကိုလိုက်မပို့ခိုင်းဘဲ ငါ့ပါငါကားမောင်းလာမယ်ကွာ ပွဲပြီးမှပြန်မယ် ဂျွန်ကနောက်နေ့ညနေလောက်မှရောက်မှာ"

"အဲ့အကိုက လက်ခံပါ့မလား မင်းရဲ့
ဂျွန် ကိုဖုန်းဆက်ပြောနေရင်ဘယ်လိုလုပ်မလဲ"

"မပြောလောက်ပါဘူး အဲ့အကိုနဲ့အမကငါ့ကိုချစ်ကြတယ် ရလောက်ပါတယ်
ဒါပဲလေကွာ ငါ့ဂျွန်ဖုန်းကိုစောင့်ရအုံးမယ် bye Faလေးရေ.."

ထယ်ယောင်းမှာချန်းလေးမဆဲခင်ဖုန်းကိုချပစ်လိုက်သည်။မချပါကဆဲနည်းအဟောင်းတွေရော အသစ်တွေပါဝေဆာသွားမှာမလွဲ။ထမင်းစားနေတုန်းဖုန်းဝင်လာသည်။အခုမှvideo callတွေခေါ်နေတာအမြင်ကပ်စရာကောင်းပေမယ့်လည်း တွေ့ချင်နေတော့စိတ်ဆိုးနေစွာနဲ့ကိုင်ရပေအုံးမည်။

"babeလေး ဘာတွေလုပ်နေ"

"မမြင်ဘူးလား"

ကျွန်တော့်ကောင်လေးပြန်ဖြေပုံက ကောင်မလေးတွေလိုနူးညံ့မနေ။ဘောက်ဆက်ဆက်နဲ့မကြည်ကြည့်
ကြည့်ကာပြောနေတာကိုက အသည်းယားနေရတာအမှန်ပင်။

 Simplicity of love √Completed √Where stories live. Discover now