Ep-24(Uni+Zaw)

4.1K 624 19
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"မင်း အဆင်ပြေပါ့မလား"

"ရတယ် အဆင်ပြေပါတယ်လို့ဆို"
ရတယ်လို့ အထပ်ထပ်အခါခါဆိုနေပေမဲ့ ကိုယ့်ရှေ့မှာ သူလဲကျသွားရင် ထိန်းကိုင်ခွင့်မပြောနှင့် ထိတွေ့‌ခွင့်ပင် မရှိသည့်သူအတွက်တော့ ရတယ်လို့ပြောနေတဲ့ စကားကိုအမှန်ဟုပင် မခံယူ၀င့်ပါ။

အပြန်အလှန် စကားတစ်ခွန်းမျှမပြောသည့် လူနှစ်ယောက်ရဲ့ရင်ထဲက ခံစားချက်တွေကို ထိုလူနှစ်ယောက်ပဲ နားလည်ပါလိမ့်မည်။ ထိုနှစ်ယောက်ကလွဲရင် ဘယ်သူမှနားလည်နိုင်မှာမဟုတ်ပါ။ ခပ်မြန်မြန်လျှောက်တတ်သည့် ရှေ့ကလူကြီးသုံးယောက်‌ကတော့ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့။ ကောင်းက ဘာကြောင့်အခုမှလမ်းလျှောက်နှေးသွားတာလဲလို့ မေမေကတော့ သိချင်နေမှာအမှန်ပင်။ ဖေဖေ့ကိုပင်မေးနေမလားပဲ။ ဖေဖေဘယ်လိုပြောထားလို့ မေမေဒီလိုငြိမ်နေတာလဲဆိုတာတော့ ကောင်းလည်းသေချာမသိ။ အခုချိန်မှာ အဲ့တာတွေလည်း မတွေးချင်ပါ။

"ကဲ ၀င်လို့လည်းမရဘဲနဲ့ ဘာဆက်လုပ်ကြမလဲပြော"
ဘုရား၀န်းထဲလုံး၀၀င်၍မရသည့် ကောင်လေးကတော့ ဘာမှမထူးခြားသည့်ဟန် ခပ်ပြုံးပြုံးရယ်။ အပြုံးကိုနားလည်ပြီး အလွတ်ရနေသူအတွက်တော့ ရင်နင့်ဖွယ်ရာ။

"ရပါတယ် ၀င်မရလည်း ရှေ့မှာထိုင်နေရုံပေါ့၊ အပေါက်၀မှာထိုင်တာကလည်း ဘုရားရောက်တယ်လို့ ပြောလို့ရတယ်မလား၊ ကိုကိုလည်း ၀င်ချင်ရင်၀င်လေ၊ ရောက်တုန်းလေး ဘုရားကန်တော့ပေါ့ဗျာ"
တံခါးပေါက်မကြီးရဲ့ဘေး အုတ်ခုံလေးမှာ ၀င်ထိုင်ရင်းပြောလိုက်သည့် စကားက သူ့အတွက်တော့ ချေပစရာမရှိပေမဲ့လည်း..

"ဟေ့ မင်းငါ့ကိုဆရာလုပ်စရာမလိုပါဘူး၊ နေ့တိုင်းဘုရားခန်းထဲသွားပြီး သူ့အတွက်ဆုတောင်းပေးနေတာ ဘယ်ကောင်လဲ"

"ဟား ဟား သိပါတယ်ဗျ ပြောနေစရာမလိုပါဘူး"
ဘာကြောင့် ဟန်ဆောင်ပြီးရယ်နေရတာလဲ။ ချေပစရာမလိုဘဲ စကားအများကြီးပြောကာ ချေပနေသည့်သူကလည်း ဟန်ဆောင်ကောင်းလိုက်တာ။ ကောင်း ဘေးနားလေးမှာ ၀င်ထိုင်လိုက်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ ကြယ်များကသိပ်ကိုတောက်ပနေသည်။ ဘာကြောင့် ‌ဝေဝါးနေတာပါလိမ့်။ လမင်းကြီးကလည်း ဝိုင်းစက်လို့။ အဘယ့်ကြောင့် ကောင်လေးရဲ့ ညာဖက်မျက်ထောင့်နားမှာရှိတဲ့ မှည့်နက်လေးက ပိုပြီး တောက်ပ‌နေရတာပါလိမ့်။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now