Ep-10(Uni+Zaw)

5K 763 14
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"ဟေ့ ကောင်လေး ထွက်ခဲ့တော့"
အခန်းတစ်ခုထဲမှ တိုးလျှလျှ အသံသည် အပြင်က လှိုင်းပုတ်ခတ်သံ‌များကို လျှစ်လျှူရှုကာ ထွက်ပေါ်လာသည်။

ကောင်း ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို ဆေးလိပ်ငွေ့ကဲ့သို့ အငွေ့တန်းကြီး ထွက်ပေါ်လာပြီး နောက်ဆုံး ပုံရိပ်အဖြစ် ပီပြင်လာကာ ကောင်လေးထွက်ပေါ်လာသည်။

အခုအခန်းထဲ၌ ထိုကောင်လေးနှင့် ကောင်း နှစ်ယောက်တည်းသာ။ အကြောင်းအရာ အဖြစ်အပျက် အားလုံးကို သိထားသည့် ဖေဖေက ကောင်းကို အဆုံးစွန်ထိ နားလည်ပေးနိုင်သည်။ ကောင်လေးကို မထားခဲ့ရက်သည့် ကောင်းစိတ်ကို ဘယ်လိုများ ထွင်းဖောက်မြင်ကာနားလည်နေသလဲ ဆိုတာ သေချာမသိပါ။ အခုလည်း ကောင်းကို တစ်ခန်းသီးသန့်နေခိုင်းစေသည်။ ပြီးမှ မေမေမရှိတဲ့အချိန် သေချာမေးကြည့်ရမယ်ဟု စိတ်ထဲ တေးထားလိုက်သည်။

မေမေကတော့ အမြင်မကြည်သည့်ဟန်ပင်။ တစ်ခါတလေ မေမေ့ရဲ့မျက်လုံးတွေထဲမှာ ဖြတ်သွားတတ်တဲ့ အရိပ်တွေကို ဖတ်ဖို့အချိန်မလောက်ပါ။
ခရစ်ယာန် ဘာသာ၀င်ဖြစ်တဲ့ ဖေဖေကပင် ကောင်းကို နားလည်နိုင်သေးတာ ဗုဒ္ဓဘာသာ၀င်ဖြစ်တဲ့ မေမေကရော သိသွားခဲ့ရင် နားလည်ပေးနိုင်ပါ့မလား။ အဲ့လိုဖြစ်လာဖို့ ဆုတောင်းရုံမှအပပေါ့။

"ကိုကို ဘာတွေတွေးနေတာလဲ"
သူ့ကို ဘေးနားထားပြီး အတွေးလွန်နေတဲ့ ကိုယ့်ကို မျက်လုံးလေးကြောင်ပြီး ကြည့်နေတဲ့ ကောင်လေးတစ်ယောက်နဲ့တော့ တကယ်ခက်တယ်။ ရှေ့ဖြစ်လာရမဲ့ ရှောင်လွှဲလို့မရတဲ့ ကိစ္စတွေကို ဒီနုနယ်တဲ့ကောင်လေး ဘယ်လို ကျော်ဖြတ်နိုင်မှာလဲလေ။

"ဟမ် ဘာမှ မဟုတ်ပါဘူး ဒီအတိုင်း ခရီးပန်းလာလို့"

"အဲ့ဆို ကိုကို အိပ်တော့မှာလား"
သူပြောမှ သတိရတယ်။ အခုဆို ညတောင်ရောက်နေ‌ရောပေါ့။ ညနေလောက်မှ ချောင်းသာကို ရောက်လာခဲ့တာ။ အခုဆို အခန်းငှားတာနဲ့ဘာနဲ့ဆို ဒီအချိန်ရောက်သွားတာ။ အခန်းနှစ်ခန်းငှားလို့ဆိုပြီး မေမေကတောင် ဖေဖေ့ကို ဆူနေသေးတာ။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now