Ep-22(Uni+Zaw)

3.8K 570 23
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"မိ ခဏလာပါဦး"
ထိပ်ထားက မိ ဈေးရောင်းနေတုန်း နားနားလေးကပ်ကာ တိုးတိုးလေးခေါ်လိုက်တော့ မိ သူ့ခေါ်သည့်နောက်ကို လိုက်သွားသည်။ ဆိုင်ရဲ့အတွင်းထဲထိ ရောက်မှ ထိပ်ထားက ရပ်လိုက်ကာ...

"မိရယ် လုပ်ပါဦး၊ ငါနဲ့အစ်ကိုရဲ့ဆက်ဆံ‌ရေးက ပိုပြီးဆိုးဆိုးလာပြီ၊ အခုဟာက သားလေးပါ ပါလာပြီ"
ထိပ်ထားက စိုးရိမ်ကြောင့်ကြစွာပြောလာတော့..

"ဟယ် ဘယ်လိုဖြစ်တာလဲ၊ ပြောပါဦး ထိပ်ထားရ"
မိ ဘေးနားက ခုံပုလေးကိုယူလိုက်ကာ ထိုင်လိုက်တော့ ထိပ်ထားကပါ နောက်ထပ်တစ်ခုံယူလိုက်ကာ သူ့ဘေးနားကို ကပ်၍ထိုင်လာသည်။ အခုသူပြောမည့်အရာများကို မိကလွဲရင် အခြားသူကို မကြားစေချင်ဘူးထင်တယ်။

‌"သားက ၅ဘာသာပဲပါတာလေ၊ အဲ့တာကို ငါက၆ဘာသာပါလာရင်ပိုကောင်းမှာလို့ ပြောလိုက်တာ၊ အဲ့ကနေ ရန်စဖြစ်တော့တာပဲဟာ၊ ငါ့ကိုကိုယ်ချင်းမစာဘူးလေး ဘာလေးနဲ့ စကားများကြတာ၊ တကယ်ဆိုငါလည်း သားကိုဆူနေတာလည်း မဟုတ်ဘူး၊ ငါဖြစ်ချင်သလိုလေးပြောပြတာကို သူကငါ့ကို ရန်စကားတွေပြောတာဟာ၊ ငါလည်း နင်သင်ပေးထားသလိုမျိုး ခပ်မာမာပဲပြန်ပြောတော့ သူကပိုဆိုးလာတယ်၊ မှန်တွေလည်း ရိုက်ခွဲလို့ခွဲဟာ၊ ငါလည်း အလျှော့မပေးဘဲ ပြန်ပြောတာပေါ့"

"အယ် သူကမှန်တွေကိုတောင် ရိုက်ခွဲတဲ့ထိ စိတ်တိုနေတာလား၊ ငါဖြင့်တစ်ခါမှမမြင်ဖူးဘူး သူအဲ့လောက်ထိစိတ်ဆိုးတာကို"
မိတကယ်ပြောတာပါ။ မောင် အဲ့လောက်ထိစိတ်တိုတာကို မိတစ်ခါမှမကြားဘူးခဲ့။ မိရှေ့မှာ တောက်တစ်ချက်ပင် မခေါက်ခဲ့တဲ့ မောင်က သူအရမ်းချစ်လှပါချည်ရဲ့ဆိုတဲ့ ထိပ်ထားကိုကျ မှန်တွေရိုက်ခွဲတဲ့ထိ စိတ်တိုနေတာဆိုတော့ မောင်သိပ်ကိုပြောင်းလဲသွားခဲ့တာပဲ။ မိမှာမျှော်လင့်ချက်ရှိတယ်ဆိုတဲ့ သဘောလား။

"ငါလည်း သူဘာတွေဖြစ်နေမှန်းမသိပါဘူးဟာ၊ ပြီးတော့ ငါနင့်ကိုတစ်ခုပြောစရာရှိလို့ ဟိုလေ..ဟို.."

"အေးပြောလေ"
ပြောဖို့တွန့်ဆုတ်နေသည့် ထိပ်ထားကို ဆက်ပြောဖို့စကားထောက်ပေးလိုက်တော့ မျက်လုံးကို တောင်ကြည့်မြောက်ကြည့်နှင့် ထစ်ထစ်အအ ပြောလာသည်။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now