Ep-21(Uni+Zaw)

3.9K 545 40
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"မိ ဘယ်လိုပြောလိုက်တာ"
တအံ့တဩမေးလာသည့် ထိပ်ထားက တကယ့်ကိုသနားစဖွယ်။

မိ ခပ်ဖွဖွရယ်လိုက်ကာ..
"အင်း ဟုတ်တယ်၊ သူနဲ့မိတို့က အရင်ကသိပ်ကို ချစ်ခဲ့ဖူးတဲ့ ချစ်သူ‌တွေ"

သိချင်စိတ်ပြင်းပြနေတဲ့ ထိပ်ထားက မျက်လုံးကိုအစွမ်းကုန်ပြူးကာ မေး‌လာသည်။
"အို ဘယ်လိုပြောလိုက်တာလဲ မိ၊ ငါလည်းမသိလိုက်ပါလား၊ ငါတို့ တစ်ချိန်လုံးအတူတူရှိခဲ့ကြတာလေဟာ"

မိ ခပ်တေ့တေ့ရယ်လိုက်ပြီး..
"နင်မှမသိခဲ့တာဟာ၊ နင်ကအဲ့အချိန်တုန်းက သိပ်ကိုရိုးအခဲ့တာလေ၊ နင့်ကို လိုက်ပိုးနေတဲ့သူတွေကိုတောင် ပိုးလို့ပိုးမှန်းမသိတဲ့ထိ အ'ခဲ့တာလေ၊ ငါတို့နှစ်ယောက်လုံးကိုလည်း အရင်ကလိုသူငယ်ချင်းလို့ပဲ နင်ထင်ခဲ့တာနေမှာပေါ့"

"ငါဘာမှလည်း မသိခဲ့ရဘူးဟာ၊ အစ်ကိုက ငါ့ကိုအဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှလည်းမပြောပြဘူး"

အဝေးကို ခပ်တွေတွေငေးရင်း ပြောနေသည့် ထိပ်ထားလေးက မိ တွေးထားသလိုပင်၊ မိရဲ့ ထောင်ချောက်ထဲကို တစ်လှမ်းလှမ်းနေလေပြီ။ အဲ့လို ရိုးသားပြီး တုံးအတဲ့သူတွေက သိပ်ကိုလိမ်လို့ကောင်းတာ။ မိလည်း အရင်က မောင့်ရဲ့ အလိမ်အညာတွေအောက်မှာ အချစ်ကလွဲရင် ဘာမှမသိတဲ့ ယုန်ဖြူလေးသဖွယ် ထောင်ချောက်မိခဲ့ရတာပဲ မဟုတ်လား။ မိကပြန်လုပ်တာ မိအဆိုးမဟုတ်ဘူးမလား။

အခုပဲကြည့် သူ့ရဲ့ယောက်ျားက ဖုံးကွယ်ထားတာကို ဖော်လိုက်တော့ စိတ်မဆိုးတဲ့အပြင် ၀မ်းနည်းနေသေးတာ။ အဲ့တာတွေကြောင့်လည်း သိပ်ကိုတုံးအပါတယ်လို့ ပြောတာပေါ့။

မိ ခပ်ဆွေးဆွေးလေးပြောလိုက်တော့..
"အင်း ဟုတ်တယ် ထိပ်ထား၊ မောင် အဲ့..‌ကိုကျော်က ဘာလို့နင့်ကိုပြောမပြတာလဲဆိုတာ ငါလည်းမသိဘူး၊ ဒါပေမဲ့ ဖြစ်ခဲ့တာတော့ အမှန်ပဲ၊ ပြီးတော့ ငါတို့ ပြတ်တောက်ခဲ့ရတာကလည်း သူကိုယ်တိုင်ကြောင့်ပဲ ထိပ်ထား"

မိကို သနားသလိုလေးကြည့်လာပြီး..
"ရပါတယ်ဟာ၊ အဆင်ပြေသလိုခေါ်ပါ နှုတ်ကျိုးနေပြီးသားကို ပြောင်းခေါ်ရတော့ ခက်ခဲနေမှာပေါ့"
ဒါတွေကြောင့် ပိုလိမ်လို့ကောင်းတာ ထိပ်ထားရာ။ နင်က သိပ်ကိုအကောင်းမြင်စိတ်ရှိတော့ ငါတောင် ကိုယ့်ကိုယ်ကိုယ်မလုံတော့ဘူး။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now