Description

2.5K 108 0
                                    

လင်းရွှင်က ပရိုဂရမ်မာတစ်ဦးပင်။ ညလုံးပေါက် ကုဒ်ထိုင်ရေးပြီးနောက်တွင် သူ့ကိုယ်ပေါ်၌ အပို ပရိုဂရမ်ထည့်သွင်းသည့် ပေါလောပေါ်ဝင်းဒိုးကြီးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ပတ်လမ်းပရိုဂရမ်တစ်ခုကို ရေးဆွဲနိုင်ဖို့ကြိုးစားခဲ့ခြင်းဖြစ်သော်လည်း နောက်တစ်နေ့၌ ဘေးအခန်းမှ အိမ်နီးနားချင်းအဘိုးအိုတစ်ဦး အိမ်တံခါးသို့ရောက်လာခဲ့သည်။

ရှောင်ရွှင် မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ချီသန့်စင်ခြင်းအဆင့်ကိုတောင် ရောက်နေပြီပဲ။ မင်း ငါ့တပည့်ဖြစ်လာချင်လား?

သုံးရက်မြောက်နေ့၌ လင်းရွှင် လမ်းသွားနေရင်း တစ်စုံတစ်ယောက်မှ ပုခုံးကိုလာပုတ်သည်ကိုခံလိုက်ရသည်။ ကောင်လေး မင်းရဲ့စိတ်ဝိညာဉ်အရင်းအမြစ်က အံ့အားသင့်စရာပဲ ငါ့ရဲ့ဂိုဏ်းနဲ့ လာပြီးမပူးပေါင်းချင်ဘူးလား?

လင်းရွှင် : "???"

ထို့နောက်မှာတော့ ခေတ်မှီလူ့အဖွဲ့အစည်းအတွင်းမှာလည်း အမတမျိုးနွယ်များ အမှန်တကယ်တည်ရှိကြောင်း သူသိရှိလိုက်ရသည်။ တစ်ခြားသူတွေ အမတမျိုးဖြစ်လာရန် စိတ်ဝိညာဉ်စွမ်းအား လေ့ကျင့်ပျိုးထောင်ခြင်း၌ မှီခိုနေရချိန်တွင် သူကတော့ သူ၏ ပရိုဂရမ်ရေးဆွဲခြင်း၌ အားကိုးအားထားပြုရန်သာ လိုအပ်သလို တစ်ခြားအမတများ၏ ပရိုဂရမ်များကိုပင် မြင်တွေ့နိုင်သေးသည်။

အခြေတည်စိတ်ဝိညာဉ်တစ်ခု : မင်း ငါ့ရဲ့အားနည်းချက်တွေကို ဘယ်လိုတောင် ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နိုင်ရတာလဲ?

လင်းရွှင် စိတ်အေးလက်အေးဖြင့် ဓားကိုဆွဲထုတ်လိုက်သည် "မင်းရဲ့ ပရိုဂရမ်ကိုက ချွတ်ယွင်းမှု(bug)ရှိနေတာ"

လမ်းတစ်ဝက် အမတအရှင် : ".....မဖြစ်နိုင်တာတွေ မင်းရဲ့ရွှေ့ကွက်က ဘယ်လိုခေါ်သတဲ့လဲ?"

  လင်းရွှင် မျက်မှန်ကို ပင့်တင်လိုက်ပြီး " မန်တီ ကာလို အယ်လ်ဂိုရီသမ်"

ထို့နောက် သူသည် ကျင့်ကြံရေးလောက၌ ဆရာတစ်ဆူဖြစ်လာတော့သည်။

#ကျွေးယင်နန်းရဲ့ အမွှေးလုံး

...Where stories live. Discover now