မနေ့က ဖေဖေပြောခဲ့သည့် "သားအားရင် ဉီးတို့အိမ်လာလည်အုံးနော်"ဆိုသည့် စကားကြောင့် ဒီမနက် ကင်မ်ဂယူဗင်းတစ်ယောက် ယူဂျင်းတို့အိမ်ရောက်လာခဲ့သည်။
လက်ထဲ၌ အထုပ်တွေအများကြီးနဲ့ ဝင်လာသူကြောင့် ဆိုဖာ၌ထိုင်၍ ပေါင်မုန့်ယိုသုတ်စားနေတဲ့ ယူဂျင်းမှာ မျက်လုံးပြူး မျက်စံပြူး။
မေမေကတော့ "သားလေးလာလေ"ဟုဆိုကာ
ဧည့်ခန်းထဲရှိ ဆိုဖာ၌ ထိုင်ခိုင်းထားသည်။ဘာလဲဟ..အမြဲ အနက်ရောင်ကြီးအများအားဖြင့်ဝတ်နေတဲ့ဂယူဗင်းက ဒီနေ့မှ အဖြူရောင်ရှပ်အပေါ်က နို့နစ်ရောင် လည်ပင်းနား၌ အနက်ရောင်
Vပုံစံအဆင်းနှစ်ဆင်းပါတဲ့ ဆွယ်တာကိုထပ်ဝတ်ထားသည်။
အောက်က အပြာရောင် jeansအားဝတ်ထားပုံမှာ မသိရင် တကယ့်ကိုကလေးပုံစံ။ယူဂျင်း ဂယူဗင်းရဲ့ခြေစ ခေါင်းဆုံးကြည့်၍ သဘောကျစွာပြုံးမိလိုက်သည်။
တကယ်ပဲ အဲ့လိုလေးတွေဝတ်ရင်လိုက်ရဲ့သားနဲ့
တစ်ခါလာလဲ All blackနဲ့။"ကျွန်တော် ဉီးနဲ့အန်တီအစာပြေစားလို့ရအောင်လို့ ဝယ်ခဲ့တာပါ"
ဂယူဗင်း သူ့လက်ထဲကအထုပ်တွေအား ဉီးနဲ့
အန်တီရှေ့ပို့၍ အသံကိုအတတ်နိုင်ဆုံးထိန်းကာပြောလိုက်သည်။မွေးကတည်းက လေသံမာသူပီပီ ကိုယ့်ကောင်လေးရဲ့ မိဘရှေ့မှာတော့ ထိုသို့ပြောလို့မဖြစ်။"အေးကွယ်...သားဉီးက မနက်ကတည်းက ကုမ္ပဏီသွားပြီ"
သူနဲ့မျက်နှာချင်းဆိုင် ဆိုဖာတွင်ထိုင်ကာ ပေါင်မုန့်ယိုသုတ်စားနေသူ ယူဂျင်းကိုကြည့်၍
ဂယူဗင်းတစ်ချက်ပြုံးလိုက်မိပြန်ရော။ဒီကလေး အစားနဲ့ပါးစပ်မပျက်အောင်ပင် အချိန်တိုင်းစားနေသလားတောင်ထင်မှတ်ရသည်။
"သား..ဟန်ယူဂျင်း ဂယူဗင်းကိုဧည့်ခံလိုက်အုံးလေ"
"သွားမယ်ကျွန်တော့်အခန်းထဲ"
"ဟမ်!"
"ဟမ်!"
"ဘာတွေဟမ်နေတာလဲ...သားဂယူဗင်းအတွက် ဝယ်ထားတဲ့စာအုပ်တွေမပေးရသေးလို့ ပေးမလို့ကို"