3

324 50 7
                                    

ယူဂျင်းတစ်ယောက် ဒီတလော ဂိမ်းတောင်မဆော့ဖြစ်ပါ။ပြိုင်ပွဲအတွက် စာကိုသေချာလုပ်နေရပြီး‌ ဘာသာစုံဖြစ်တာကြောင့် သူ့အတွက်ပိုခက်ခဲသည်။
အဖြေရှာရ ခက်တဲ့ သင်္ချာပုစ္ဆာတွေကိုတွက်ရတာ သူသိပ့်သဘောကျသည်။
လက်ထဲတွင်ကိုင်ထားသော ဘော့ပင်ကို သွားနှင့်တချက်ကိုက်ကာ အဖြေမရသေးသည့် ပုစ္ဆာ၏ ပုံသေနည်းကို စဉ်းစားနေလိုက်သည်။

သူ ကင်မ်ဂယူဗင်းနဲ့မတွေ့ဖြစ်တာ ၁ပတ်နီးပါးလောက်ရှိပြီ။သူတမင်ရှောင်နေတာဖြစ်သည်။
ကျောင်းဆင်းရင်လဲ အိမ်က ကားကိုသာ လာခေါ်ခိုင်း၍ မုန့်စားဆင်းချိန်တွေဆိုလဲ လူရှုပ်တဲ့နေရာကို ရွေးသွားခဲ့သည်။ဒါမှ ကင်မ်ဂယူဗင်းသူ့ကို ရှာရမလွယ်မှာလေ။ရှောင်နေရတဲ့အကြောင်းပြချက်က ဂယူဗင်းနဲ့တွေ့ရင် သူ့စာလုပ်ချိန်တွေအလကားသက်သက်ကုန်သွားမှာဆိုးတာရယ် ဖေဖေတို့ဧည့်ခံပွဲတုန်းကကိစ္စကြောင့်ရယ်ကြောင့်ဖြစ်သည်။

စာအုပ်ထဲ၌ အဖြေမရသေးတဲ့ပုစ္ဆာကိုချတွက်လိုက်သည်။
နောက်ဆုံးတော့ ဉာဏ်ကောင်းတဲ့သူက အဖြေကိုရရှိသွားသည်။
နောက်အပတ် တနင်္လာနေ့ပြိုင်ပွဲဖြစ်တာကြောင့်
သူ့အတွက် အချိန်တွေသိပ့်မရှိတော့ချေ။
အချိန်ပြည့်အခန်းထဲရှိ စားရေးခုံလေးမှာ ထိုင်ကာ လေ့ကျင့်ခန်းတွေလုပ်နေရသည်။
ဖုန်း notification ကိုကြားရင် အာရုံမစိုက်နိုင်မှာဆိုးလို့ notification ကိုပိတ်ထားလိုက်သည်။

သူ နံရံတွင်ချိတ်ဆွဲထားသော နာရီကိုကြည့်လိုက်သည်။နေ့လည်၁နာရီခွဲပင်ရှိပြီဖြစ်သည်။သူမနက်၉နာရီလောက်ကတည်းက စာစလုပ်တာဖြစ်သည်မို့ ခါးတွင်ညောင်းစပြုလာသည်။
ဒီနေ့က စနေနေ့‌ဖြစ်တာကြောင့် အိမ်တွင်းပုန်းနေမိသည်။
လိုအပ်တဲ့ စာအုပ်တွေနဲ့ ခဲတံ၊ဘော့ပင်စသည့် ပစ္စည်းအမျိုးစုံကို လွယ်အိတ်ထဲထည့်ကာ အနီးနားက စာကြည့်တိုက်သို့ထွက်လာခဲ့လိုက်သည်။

စာကြည့်တိုက်လို တိတ်ဆိတ်ပြီး လူရှင်းတဲ့နေရာမျိုးကို သူသဘောကျသည်။သူ့အတွက်စာလုပ်ရ လွယ်ကူသည်မို့

"စတော်ဘယ်ရီကိတ်နဲ့ ice coffee တစ်ခွက်ပေးပါ"

စာကြည့်တိုက်ရှိ ကောင်တာ၌ မုန့်မှာကာ ထောင့်ကျသော နေရာတွင် ထိုင်လိုက်သည်။
လွယ်အိတ်ထဲမှ စာအုပ်ကိုထုတ်ကာ ဆက်လေ့လာနေလိုက်သည်။

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now