8

296 37 5
                                    

ယူဂျင်း လွယ်အိတ်ထဲမှ စတော်ဘယ်ရီနို့ဘူးလေးအား ထုတ်ယူ၍ ပြုံးလိုက်မိသည်။
ဂယူဗင်းပေးကတည်းက အခုထိမူလအတိုင်းရှိနေသည့် နို့ဘူးလေးအား မသောက်ဖြစ်သေးတာထက် မသောက်ရက်လို့မသောက်တာဆိုရင်ပိုမှန်မည်။

ထိုနို့ဘူးလေးအား စာရေးခုံပေါ်တင်လိုက်သည်။
အံဆွဲထဲမှ noteမှတ်တဲ့ စာရွက်လေးကိုယူ၍
ဘော့ပင်အနက်လေးတစ်ချောင်းဖြင့် ထိုစာရွက်လေးပေါ် လက်ချောင်းလေးများ ပြေးလွှားလိုက်သည်။

ပို၍ချိုမြိန်နေမယ့် နို့ဘူး

ထို့နောက် စာရွက်လေးကိုဆွဲဖြုတ်၍ နို့ဘူးအရှေ့ဘက်၌ ကပ်ထားလိုက်သည်။
ထိုနို့ဘူးကိုကြည့်မိတိုင်း အပြုံးတွေမဆည်နိုင်အောင်ပင်။

ဒီညနေ ဂယူဗင်းသွားစရာရှိလို့ဆိုပြီး စာမပြခဲ့ရပင်။
ဒါကြောင့် ယူဂျင်း အိမ်စောစောပြန်လာခဲ့သည်။
ဘာမလိုလိုနဲ့ စာမေးပွဲ‌က နောက်တစ်ပတ်မို့ သူ့အတွက် စာလုပ်စရာတွေမှ အများအပြား။

ဖုန်းကို အားသွင်း၍ လွယ်အိတ်ထဲမှ စာအုပ်တွေကိုထုတ်လိုက်သည်။အရေးကြီးသည့် အပိုဒ်တွေအား noteအဖြစ်မှတ်ထားတာကြောင့် ထိုအပိုဒ်တွေကို အရေးတယူ ရှာနေစရာမလိုတော့။

တိတ်ဆိတ်မှု ဖုံးလွှမ်းနေသည့် အခန်းလေးထဲ မလိုမကျလျှင် ထွက်ပေါ်လာသည့် စုတ်သပ်သံ။

-

-

-

ယူဂျင်း ဒီနေ့ နောက်ကျမှအိပ်ရာထဖြစ်သည်။
စနေနေ့ဖြစ်တာကြောင့် အိုလီနှင့် ရုပ်ရှင်သွားကြည့်ဖို့ စီစဉ်ထားသည်။

ယူဂျင်း ဗီရိုထဲမှ ကော်လံပါ အဖြူရောင်ရှပ်အား ထုတ်ယူ၍ အပေါ်ထပ်အနေဖြင့် နို့နစ်ရောင် ဆွယ်တာလေးအား necktieဖြင့် ဝတ်ဆင်လိုက်သည်။
နှဂိုကတည်းက jeansတွေနှင့် လိုက်ဖက်သူဖြစ်တာကြောင့် ဒီတခါလဲ အပြာရောင် jeansကိုပဲရွေးချယ်လိုက်သည်။

သူ့တစ်ရပ်စာရှိသည့် မှန်ကြီးရှေ့အား ရပ်၍ ဟိုလှည့်ဒီလှည့်လုပ်နေစဉ် ဖုန်းမြည်သံကြောင့် ဖုန်းအားလှမ်းယူလိုက်သည်။

#ဟယ်လို#

#ရုပ်ရှင်ရုံသွားမယ်မလား#

#အွန်းသွားမှာလေ ဘာဖြစ်လို့လဲ#

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now