အာယောင်းတစ်ယောက် အနက်ရောင်အနောက်တိုင်းဝတ်စုံတွေဝတ်ဆင်ထားသော ယောက်ျားနှစ်ယောက်၏ အတင်းဆွဲခေါ်သွားမှုကြောင့် ယခု ကားအနက်ရောင်တစ်စီးပေါ်ရောက်နေခဲ့သည်။
"ရှင်တို့တွေ ကျွန်မကိုဘယ်ခေါ်သွားနေကြတာလဲ"
အာယောင်းမေးပေမယ့် ပြန်မဖြေလာတာကြောင့်
ကြောက်စိတ်တွေလွှမ်းမိုးလာခဲ့သည်။
သူမသိတဲ့လမ်းမဟုတ်တဲ့ လမ်းတစ်ခုအား ကားကွေ့လိုက်တာကြောင့် သူ ကားပေါ်က ခုန်ဆင်းဖို့လုပ်ပေမယ့် ဘေး၌ သူမခေါင်းအားသေနတ်ထောက်၍ ထိုင်နေသော ယောက်ျားနှစ်ယောက်ရှိတာကြောင့် မလှုပ်ရဲ။မကြာခင် ကားရပ်သွားကာ သူမအား အတင်းဆွဲထုတ်လာတာကြောင့် သူမကားအပြင်ဘက်သို့ရောက်သွားခဲ့သည်။
သူမမျက်စိရှေ့တွင်ရှိနေသော စံအိမ်ကြီးအားကြည့်၍ ထိုနေရာက ထွက်ပြေးနိုင်မယ့်နည်းလမ်းကိုစဉ်းစားနေမိသည်။ကြီးကျယ် ခမ်းနားလှသော
အဖြူရောင်စံအိမ်ကြီးဟာ သူမအားခြောက်လန့်နေသဖွယ်။အာယောင်းအား ယောက်ျားနှစ်ယောက်မှ ထိုစံအိမ်ကြီးထဲ ဆွဲခေါ်သွားခဲ့သည်။
စံအိမ်ကြီးထဲ ဆိုဖာပေါ်၌ ခြေချိတ်ကာ လက်ပိုက်၍ သူမအားလှမ်းကြည့်နေသော အမျိုးသမီးတစ်ယောက်။သူမလက်တွေကိုချုပ်ကိုင်ထားတဲ့ ယောက်ျားနှစ်ယောက်ရဲ့ လက်တွေပြေပျောက်သွားကာ ထိုစံအိမ်ကြီးထဲမှ ထွက်သွားကြသည်။
အခုဆို ထိုစံအိမ်ကြီးထဲမှာ ထိုအမျိုးသမီးနဲ့ အာယောင်းသာကျန်ခဲ့တော့သည်။"ထိုင်ပါ တို့မင်းကိုအန္တရာယ်မပြုတာမို့ သိပ့်မစိုးရိမ်ပါနဲ့"
အာယောင်း ထိုအမျိုးသမီးနဲ့မျက်နှာချင်းဆိုင် ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။
ကြက်သွေးရောင် ဂါဝန်အကျပ်အား လှပကြော့ရှင်းစွာဝတ်ဆင်ထား၍ လက်ပင်း၌ တောက်ပနေသော ရတနာများ။လက်ချောင်းများ၌ ဝတ်ဆင်ထားသော လက်စွပ်များဟာလဲ တောက်ပနေခဲ့သည်။သူမအားကြည့်၍ ပြုံးနေပေမယ့် မပြုံးနိုင်သူမှာ
ရှင်းအာယောင်းပင်။"ဘာလို့ကျွန်မကို ခေါ်လာရတာလဲ ရှင်နဲ့ကျွန်မနဲ့သိလို့လား"