11

341 47 7
                                    

ဒီနေ့ယူဂျင်း တအားစိတ်လှုပ်ရှားနေမိသည်။
အကြောင်းအရင်းမှာ သူနဲ့ သူ့ကိုကို့ရဲ့ first dateဖြစ်တာကြောင့်ဖြစ်သည်။

မကြာခင် ဂယူဗင်းလာခေါ်မှာမို့ သူအဝတ်စားလဲ၍
ခြံထဲ၌ ထိုင်စောင့်နေလိုက်သည်။

သူထွေထွေထူးထူး ဘာမှမပြင်ဆင်တော့ဘဲ နို့နစ်ရောင် ဆွယ်တာလေးနဲ့ အပြာရောင် jeansအားဝတ်ဆင်ထားသည်။
နို့နစ်ရောင် ဆွယ်တာအလယ်၌ DIOR 1947ဆိုသည့် စာကြောင်းလေးပါပါသေး။

သူက ဘယ်အဝတ်အစားပဲဝတ်ဝတ် လိုက်ဖက်တာမို့ ထွေထွေထူးထူး ဝတ်စားစရာမလို။

ခြံရှေ့သို့ ကားအနက်ရောင်လေးတစ်စီးထိုးရပ်လာသဖြင့် ယူဂျင်းထိုင်နေရာမှ ထကာ ခြံအပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။
Lover Seatတွင် ထိုင်၍ ခါးပတ်ပတ်မည်အလုပ် အရင်တစ်ခေါက်ကလို သူ့ထက်ဉီးစွာ ပတ်ပေးလာသူကြောင့် ငြိမ်ခံနေလိုက်သည်။

*Mwah*

ခါးပတ်ပတ်ပေးရာမှ သူ့ပါးလေးအား ဖြတ်ခနဲနမ်းသွားသူကြောင့် မျက်စောင်းထိုးဖြစ်အောင် ထိုးလိုက်သေးသည်။

"တအား အသားယူတာပဲ"

"ကိုယ့်ကောင်လေးပါးကိုနမ်းတာ အသားယူတာလား"

"အွန်း..."

"အဲ့လိုဆို ပိုတောင်အသားယူချင်သေးတယ်"

*Mwah*

*Mwah*

*Mwah*

"တော်တော့..."

*Mwah*

"ကင်မ်ဂယူဗင်း!"

သူ့အားပါး မညှာမတာ မွခနဲမွခနဲ မနားတမ်းနမ်းလာသူကြောင့် ယူဂျင်း မျက်နှာရဲလာခဲ့သည်။
မကြိုက်လို့လားဆိုတော့ မဟုတ်ပါဘူး။ဒါမဲ့ နောက်နမ်းဖို့ ချန်ထားသင့်တယ်မလား။

"ဘယ်သွားချင်လဲ.."

"ခများအဆင်ပြေတဲ့နေရာသာသွား"

"ခများလို့မခေါ်ဘဲ ကိုကိုလို့ခေါ်လို့ပြောထားတယ်လေ"

"ဟာ..အဲ့လိုကြီးမခေါ်တတ်ဘူးလို့"

"ဒါဆိုလေ ကလေးသဘောပါ...အမ်း..အဲ့ဆို ရုပ်ရှင်သွားကြည့်မလား"

"အွန်း.."

ယူဂျင်းလက်လေးကိုကိုင်၍ ရုပ်ရှင်ရုံသို့ မောင်းထွက်လာခဲ့သည်။စာမေးပွဲဖြေပြီးတာမို့ ရက်၁၀ရက်ပတ်ထားသည်။
ဒါကြောင့် ပုံမှန်ဆို အိမ်တွင်းပုန်းလေးလုပ်တတ်တဲ့ ယူဂျင်းက ထူးခြားစွာ
ရည်းစားဉီးလေးနဲ့ လျှောက်လည်ဖြစ်နေတာပေါ့။

𝐀 𝐑𝐔𝐃𝐄 𝐁𝐎𝐘 𝐁𝐄𝐂𝐎𝐌𝐄 𝐌𝐘 𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 Where stories live. Discover now