"မင်းကခေါင်းသိပ်မာတာပဲနန်းဆက်။ငါ့ကိုစိတ်ရှုပ်အောင်မလုပ်စမ်းပါနဲ့"
"ပါးစပ်ပိတ်ထားစမ်းပါဇိန်း။မင်းကဘာလဲဆိုတာ ငါတို့နှစ်ယောက်လုံးသိနေတာပဲ။မင်းကို ငါဘာလုပ်ပစ်နိုင်သလဲဆိုတာ တွေးထားစမ်းပါ"
"အခုလောလောဆယ်တော့ငါမြင်နေရတာက မင်းငါ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတာပဲ နန်းဆက်။မင်းရဲ့ကျန်းမာရေးက သိပ်မကောင်းဘူးမို့လား။ငါရဲ့စွမ်းအားကို မင်းမယှဉ်နိုင်ပါဘူး"
"မထင်ပါနဲ့။မင်းကိုငါရဲ့လက်နဲ့ဖျက်ဆီးပစ်မှာ"
"မင်းရဲ့လဲလှယ်ထားတဲ့ကျောက်ကပ်ကိုဂရုစိုက်သင့်တယ်နော်။နောက်တစ်ခေါက်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်နန်းဆက်ထည်ဝါ"
"မင်းသိထားဖို့ကငါဘာကိုမှဂရုမစိုက်တတ်ဘူးဆိုတာပဲ"
"ထားပါတော့။မင်းရဲ့ဆန္ဒက ဘယ်လိုပဲဖြစ်နေပါစေ။အခုလောလောဆယ် ငါ့ကို တစ်ခုလောက်ကူညီစမ်းပါ"
ဇိန်းကနန်းဆက်အနီးသို့ကပ်လာခဲ့သည်။ထိုနောက် နန်းဆက်ခံစားမိလိုက်သောအရာသည် မိမိ၏ဝမ်းဗိုက်ကိုလာ၍ထိသောအေးစက်စက်အထိအတွေ့။ထိုအေးစက်သောအထိအတွေ့က ဇိန်းလက်ထဲရှိဓါးတစ်ချောင်းဖြစ်နေခဲ့သောအခါ.......။
ဇိန်းကနန်းဆက်ကို မထီမဲ့မြင်ကြည့်ရင်း ဓါးနှင့်ထိုးစိုက်လိုက်သည်။မထင်မှတ်ထားသောအခြေအနေကြောင့်တားဆီးနိုင်ခြင်းမရှိပဲ နန်းဆက်ခံစားလိုက်ရ၏။ထို့နောက် ဆက်လက်၍စဉ်းစားမိတာက ဇိန်းထံတွင်မိမိကိုအန္တရာယ်ပြုနိုင်လောက်သောအစွမ်းများဘယ်အချိန်ကရရှိသွားခဲ့ပါသလဲဟု.....။
ဇိန်းကကျေနပ်စွာပြုံးလိုက်ရင်း ဤသို့ပြောပါ၏။
"မင်းရဲ့အခြေအနေအကြောင်း သက်တန့်ကို ဖုန်းခေါ်ပြီးပြောပြလိုက်စမ်းပါ။သက်တန့်ဒီနေရာကိုရောက်လာတာငါလိုချင်တယ်"
"သက်တန့်ကိုငါဘာမှပြောမှာမဟုတ်ဘူးဇိန်း"
"မင်းပြောရလိမ့်မယ်။အခုချက်ချင်း သက်တန့်ကိုဖုန်းခေါ်လိုက် နန်းဆက်"
ဇိန်းကနန်းဆက်ကိုစူးစိုက်စွာကြည့်၍ အမိန့်ပေးနေခဲ့သည်။သူ၏စကားအဆုံးတွင်စွမ်းအားတစ်ခု၏ဆွဲငင်မှုဖြင့်နန်းဆက်လက်ကသက်တန့်ဆီသို့ ဖုန်းခေါ်မိလျှက်သားဖြစ်နေခဲ့သည်။
YOU ARE READING
LET ME OWN YOU.....!!RAINBOW TOWER
Fantasy(Complete) ပိုင်ဆိုင်ခွင့်ပြုပါသက်တန့်မျှော်စင် 💗💗💗💗💗💗💗 နန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးစုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်...