Chapter(36)

15 2 0
                                    

သက်တန့် နေကောင်းလာသဖြင့် ဆေးရုံက ဆင်းခွင့်ရခဲ့သည်။

"ကိုယ်နဲ့လိုက်ခဲ့ Honey"

"ဘယ်ကိုသွားမလို့လဲ နန်းဆက်"

"ရောက်ရင်သိမှာပေါ့ကွယ်"

နန်းဆက်ကသက်တန့်၏ကိုယ်လေးကိုပွေ့ဖက်၍ ကားတံခါးကိုဖွင့်ပေးလိုက်ပါသည်။သက်တန့်က ထပ်မံ၍မေးမြန်းမနေတော့ပဲ အလိုက်သင့်ပင်ကားထဲသို့ဝင်ထိုင်လိုက်သည်။

နန်းဆက်ကသက်တန့်ကို ရဲတိုက်ဖြူသို့ခေါ်သွားခဲ့ခြင်းဖြစ်သည်။

"ဒါက......."

"ဟုတ်တယ်။အဲ့ဒါကမင်းသိပ်မြတ်နိုးလွန်းတဲ့ မင်းရဲ့ပန်းချီကားတွေ"

"ဒါတွေကိုမီးရှို့ဖျက်ဆီးပစ်မယ်လို့‌ပြောခဲ့တာမဟုတ်လား။ဘာဖြစ်လို့ ရှိနေသေးတာလဲ"

"မင်းကကိုယ့်ကို လူယုတ်မာလို့ သတ်မှတ်ထားခဲ့တာလား Honey။ကိုယ်က မင်းသိပ်မြတ်နိုးတဲ့အရာတွေကို ဖျက်ဆီးနိုင်လိမ့်မယ်လို့တကယ်ထင်ထားခဲ့တာလား"

"ဒါပေမယ့် ရှင်အရမ်းစိတ်ဆိုး‌ေနတာ‌ေလ။သက်တန့်ကို သတ်ပစ်ဖို့အထိကြံစည်ခဲ့တာ......."

သက်တန့်၏စကားကြောင့် နန်းဆက်၏ရင်ထဲတွင်ပြင်းပြင်းထန်ထန်ထိရှသွားခဲ့သည်။ဒါပေမယ့် သက်တန့်ကဖြစ်စဉ်မှန်ကို မသိလို့ ဒီလိုပြောတာကို နန်းဆက်သိနေတာပဲလေ.....နန်းဆက် ဖြေသိမ့်နိုင်ရမှာပေါ့။

တစ်စုံတစ်ယောက်ကြောင့်သာ နန်းဆက်ကသက်တန့်ကိုသတ်ဖို့ကြိုးစားမိခဲ့တာ။နန်းဆက်၏ခံစားချက်အစစ်အမှန်က သက်တန့်ကိုနာကျင်အောင်မလုပ်နိုင်တာသေချာနေခဲ့သည်ပဲ။

ဒါပေမယ့်အဲ့ဒါတွေကို သက်တန့်သိအောင်ပြောလို့မှမရပဲ။အဲ့ဒီတော့ နန်းဆက်မှာကြေကွဲရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။

ထို့ကြောင့်လက်တွေ့တွင်နန်းဆက်၏နှုတ်ဖျားကထွက်ကျလာသောစကားလုံးများသည်ဤသို့ဖြစ်သည်။

"ဟုတ်တယ်။ကိုယ်မင်းကိုသတ်ဖို့စဉ်းစားတဲ့အထိ မိုက်မဲမိခဲ့တယ်။မင်းပြောတာမှန်တယ်။ကိုယ်က သိပ်ကို ယုတ်မာတဲ့သူ......"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now