Chapter(20)

37 5 0
                                    

သက်တန့်၏ဇာတိမြို့လေးက အရင်အတိုင်းမပြောင်းလဲပဲရှိနေခဲ့ပါ၏။သက်တန့်မျှော်စင်ကိုကြည့်ရင်း နန်းဆက်ပြောလိုက်သည်။

"အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကိုယ့်ကိုပြောပြချင်လား"

"အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီး သက်တန့်ဘယ်သူ့ကိုမှ မပြောပြချင်ခဲ့ဘူး။ဒါပေမယ့် ရှင့်ကိုပြောပြချင်မိတယ်"

"မင်းရဲ့စကား‌ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသလိုပဲ"

နန်းဆက်၏စကားကို သက်တန့်က အပြုံးလှလှလေးဖြင့် ထောက်ခံလိုက်ပါသည်။

"သက်တန့်ရဲ့မေမေက ဒီမျှော်စင်ပေါ်က ခုန်ချသွားခဲ့တာ။အဲ့ဒီနေ့က ဒီနေရာမှာ သက်တန့်ရှိနေခဲ့တယ်။သူမကို တားဆီးဖို့ဉာဏ်မှီတဲ့အရွယ်မရောက်သေးတဲ့ သက်တန့်က ဒီအတိုင်းပဲရပ်ကြည့်နေခဲ့မိလို့.....အဲ့ဒါကြောင့်........."

"မင်းက ဘယ်အရွယ်မို့လို့လဲ"

"အဲ့ဒီအချိန်တုန်းက သက်တန့်ရဲ့အသက် ၄နှစ်ပဲရှိသေးတာ"

"အင်း .....ကလေးလေးပဲ။အဲ့ဒါနဲ့ ပတ်သက်ပြီး မင်းကိုယ်မင်း အပြစ်တင်နေတာလား"

"သက်တန့်အပြစ်မကင်းဘူးလို့ခံစားရတယ်။ပြဿနာအားလုံးကို စတင်ခဲ့တာက သက်တန့်ဖြစ်နေခဲ့လို့......."

"ကိုယ်တော့ အဲ့ဒီလို မထင်ဘူး။တစ်စုံတစ်ရာအတွက် ကိုယ်တိုင်ပြုလုပ်သူတွေမှာပဲ တာဝန်ရှိတယ်။ဘေးမှာရှိတဲ့လူက သူတို့လုပ်သမျှကို ရပ်ကြည့်နေရုံသက်သက်ပဲ လုပ်နိုင်မယ် မဟုတ်လား"

"ဒါပေမယ့် သက်တန့်ကြောင့် သူမသေဆုံးခဲ့ရတာ။အဲ့ဒီနေ့က သက်တန့်မျှော်စင်ကို သွားချင်တယ်လို့ ပူဆာမိလို့ သူမအသတ်ခံခဲ့ရတာ"

"မင်းပြောတော့ သူမက မျှော်စင်ပေါ်က ခုန်ချသွားတာဆို....."

"ဟုတ်တယ်။လူတိုင်းလက်ခံထားတာက သူမမျှော်စင်ပေါ်က ခုန်ချသွားတယ်လို့.....။တကယ်တော့ အဲ့ဒါအမှန်မဟုတ်ဘူး နန်းဆက်"

"ဘယ်လို....."

"အဲ့ဒီနေ့က မြင်ကွင်းတွေကို သက်တန့်သေချာမှတ်မိနေသေးတယ်။‌‌သူမက ဒီနေရာမှာပန်းချီဆွဲနေခဲ့တာပေါ့။သက်တန့်က သူမဆွဲနေတဲ့ ပုံကိုကြည့်နေခဲ့တာ။အဲ့ဒီအချိန်မှာ တစ်‌စုံတစ်ယောက်ကရောက်လာခဲ့တယ်။သူက သူ့ရဲ့မျက်နှာကိုမျက်နှာဖုံးနဲ့အုပ်ထားတယ်။သူကသက်တန့်ရဲ့ မေမေကို တစ်ခုခုပြောနေခဲ့တာ။မေမေ့ရဲ့ မျက်နှာက ထိတ်လန့်နေတဲ့ပုံပေါ်တယ်။ပြီးတော့ အဲ့ဒီလူက တစ်ခုခုကိုရွတ်ဆိုရင်း မေမေ့ရဲ့ရင်ဘတ်ထဲကို မီးတောက်နေတဲ့ဓါးနဲ့ထိုးလိုက်တယ်။ပြီးတော့ မေ့မေ့ကို မျှော်စင်ပေါ်ကတွန်းချပြီး သူထွက်သွားခဲ့တယ်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now