Chapter(14)

48 5 0
                                    

အိမ်ရှေ့သို့ကားကိုဝုန်းဒိုင်းကြဲ၍မောင်းဝင်လာသော နန်းဆက်၏အခြေအနေကြောင့် ဦးလေးငယ် ပခုံးတွန့်လိုက်သည်။သက်တန့်နှင့်ပြဿနာဖြစ်လာကြောင်းအခြေအနေကြည့်ရုံနှင့်သိနိုင်သည်။

နန်းဆက်ကအိမ်ထဲသို့ဝင်လာပြီးလက်ထဲကကားသော့ကိုအရှေ့အနောက်မကြည့်ပဲလွှင့်ပစ်လိုက်သည်။ဦးလေးငယ်က ကားသော့ကိုလက်ဖြင့်ဖမ်းလိုက်သောအခါတွင်မှ နန်းဆက်ကအိမ်ထဲ၌ရှိ‌နေသောဦးလေးငယ်ကို သတိပြုမိသွားသည်။

ထိုအခါမှ နန်းဆက်ကအရှိန်ကိုနည်းနည်းသတ်လိုက်သည်။

"ဆောရီး.....ဦးလေးငယ်......."

"ကိစ္စမရှိဘူး ထည်ဝါ။မင်းရဲ့စိတ်တွေကိုသာ တည်ငြိမ်အောင်အရင်လုပ်"

နန်းဆက်ကဦးလေးငယ်၏စကားကိုနားထောင်၍အခြေအနေတစ်ခုအထိတည်ငြိမ်လာအောင်ကြိုးစားပြီးသောအခါ သူမ၏စိတ်ခံစားချက်တို့ငြိမ်သက်လာခဲ့သည်။

ဖြစ်ပျက်ခဲ့သမျှကိုပြန်လည်စဉ်းစားလိုက်သောအခါ သက်တန့်ကိုမိမိအနားတွင်မဖြစ်မနေခေါ်ထားဖို့ လိုအပ်နေခြင်းကိုတွေးမိလာသည်။နန်းဆက်သိနေ‌ခဲ့သောအကြောင်းပြချက်တစ်ချို့က သက်တန့်ကို မိမိအနားတွင်ခေါ်ထားမှဖြစ်မည်ဟုပြောနေကြသည်။

ထို့‌ကြောင့် သက်တန့်က မိမိအားလက်ခံလာစေဖို့အတွက် နန်းဆက်မဖြစ်မနေကြိုးစားမှဖြစ်လိမ့်မည်။နန်းဆက်စိတ်မရှည်တတ်ခြင်းကို သက်တန့်သေချာသိ၏။သိရဲ့သားနဲ့ နန်းဆက်၏ဒေါသကိုဆွဝံ့နေသောသက်တန့်ကိုနန်းဆက်မကျေမနပ်ဖြစ်လာခဲ့သည်။

တွေးရင်းတွေးရင်းဖြင့် ‌သက်တန့်၏လုပ်ရပ်ကို နန်းဆက်ဒေါသထွက်လာရပြန်သည်။နန်းဆက်တစ်ယောက်ထဲ ဒေါသများစွာဖြင့် ဆောက်တည်ရာမရဖြစ်နေခဲ့သည်။သက်တန့်ကနန်းဆက်၏စကားကိုမဆန့်ကျင်ပဲ ဒီအတိုင်းနားထောင်လိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲဟု တွေးရင်း သက်တန့်ကို ဒေါသထွက်မိ၏။

သက်တန့်အား အလျှော့ပေးလိုက်ရမည့်ဖြစ်စဉ်ကို နန်းဆက်မလိုချင်ပါ။သက်တန့်ထံတွင် နန်းဆက်မရှုံးနိမ့်ချင်ပါ။သက်တန့်က နန်းဆက်ခြေရင်းမှာ ဝပ်တွားခယနေတာမျိုးပဲဖြစ်စေချင်မိသည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now