Chapter(18)

38 4 0
                                    

သက်တန့်ရဲ့ခေါင်းထဲတွင်ရုတ်တရက်မိုက်ခနဲဖြစ်သွားသောကြောင့်စားပွဲကိုလက်ဖြင့်ထောက်ရင်း မိမိကိုယ်ကိုထိန်းသိမ်းလိုက်သည်။

သက်တန့်ရဲ့ခံစားချက်တစ်ချို့ လေးလံလာသလိုခံစားလိုက်ရသည်။ထို့နောက် အိမ်မက်မက်သလိုမျိုး ပုံရိပ်တွေက နီးလာလိုက် ဝေးသွားလိုက်ဖြင့် သက်တန့်ကို တစ်နေရာရာသို့ဆောင်ယူသွားသလိုခံစားလိုက်ရသည်။

သက်တန့်၏ကိုယ်ထဲမှတစ်စုံတစ်ရာသည် ပျောက်ကွယ်သွားသလိုခံစားရ၏။သက်တန့်သည် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုကို လွှတ်ချလိုက်ရသကဲ့သို့ ခံစားရသည်။သက်တန့်ခံစားရသောထိုဖြစ်စဉ်သည် ခဏတာသာဖြစ်၏။

အရာရာသည် ဘာမှမဖြစ်ခဲ့သလိုပြန်လည်ငြိမ်သက်သွားသောအခါ သက်တန့် စဉ်းစားရခက်သွားခဲ့သည်။ပို၍ထူးဆန်းတာက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘာကိုမှစဉ်းစားလို့မရတော့ခြင်းဖြစ်သည်။

သက်တန့်သည် စဉ်းစားမရသည့်အရာကို ဒီအတိုင်းလေးပဲထားလိုက်ဖို့တွေးမိသည်။အခုလက်ရှိမှာ သက်တန့်တွေးဖို့လိုနေသည့်တစ်ခုထဲသောအရာက နန်းဆက်ဖြစ်သည်လေ။

**********

နန်းဆက်ဖုန်းပြောပြီးသည့်အချိန်နှင့်ကွက်တိ သက်တန့်ရောက်လာခဲ့သည်။ဖုန်း‌ပြောနေခြင်းကိုမသိစေရန် သက်တန့်မမြင်အောင် ဖုန်းကိုချထားလိုက်သည်။

"ရပြီနန်းဆက်"

"ကျေးဇူး.....ကလေးမ"

နန်းဆက်က ဇွန်းကိုယူလိုက်ချိန်၌ သူမ၏ရင်ဘတ်ကိုဖိလိုက်သဖြင့် ကိုယ်တိုင်ကိုင်တွယ်စားသောက်ဖို့ ခက်ခဲနေကြောင်း သက်တန့်သတိပြုမိလိုက်သည်။ထို့ကြောင့်

"သက်တန့် ခွံ့ကျွေးမယ်။ရှင်သက်သာအောင်..."

"အလိုက်သိလွန်းတာပဲ"

"စကားမများစမ်းပါနဲ့နန်းဆက်ရယ်။သက်တန့်ခွံ့‌ေကျွးတာကိုလိမ်လိမ်မာမာစားစမ်းပါ။ရှင်ကသိပ်စကားများလွန်းတယ်"

"မင်းက ကိုယ့်စကားနဲ့ကိုယ့်ကိုပြန်တိုက်ခိုက်နေတာလား"

"နန်းဆက်...ပါးစပ်ဟ....စားစရာရှိတာစားစမ်းပါ"

LET ME OWN YOU.....!!RAINBOW TOWEROnde histórias criam vida. Descubra agora