Episode _ 28

790 30 5
                                    

Unicode
Episode _ 28

*** ယိမ်နွဲ့ကာ.. ကကွက်နဲ့အတူ ကစဥ်..
လက်ခုပ်သံ စီးချက်လိုက်မှာလား...
ညီညီညာ ညှင်းသွဲ့သွဲ့ အတာရေသဘင်ပွဲရက်မှာ.. ယှဥ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့..

ဖော်ရွေစွာပင် စီးလို့ကြိုနေမယ်..
လှမ်းလာခဲ့ပေါ့ကွယ်.. ***

" ဆင်ပေါက်!!.. "

သင်္ကြန်ရေကစားမဏ္ဍဋ်ကဖွင့်ထားတဲ့ခေတ်ပေါ်အသံချဲ့စက်ကြီးကလာသည့်နွေဦးကဗျာသီချင်းသံနဲ့အတူတူ မြူးမြူးကြွကြွအတူတူအုံလိုက်ကျင်းလိုက်ကြီး လိုက်ကနေကြတဲ့စင်အောက်ကလူအုပ်ကြီးထဲမှာ ကျုပ် ဆင်ပေါက်ရဲ့နား,နားလေးကိုကပ်ပြီးအော်​ခေါ်လိုက်တယ်။ ထိုအခါမှ လူအုပ်ကြီးထဲကနေ အတင်းတိုးထွက်နေတဲ့ဆင်ပေါက်က ကျုပ်ကိုနောက်ပြန်လှည့်ကြည့်တော့တယ်။

" မောင့်ကိုစောင့်အုံး၊ လူစုထပ်ကွဲကုန်မယ် "

ကျုပ်လည်း ဆင်ပေါက်ရဲ့ပခုံးနှစ်ဖက်ကိုဆွဲပြီး ကျုပ်ရင်ခွင်ထဲဆွဲထည့်ထားလိုင်တယ်။ ကျန်တဲ့သူတွေကလည်း ဆရာအောင်ထူးမော်နဲ့တိုးလွင်ကတစ်ဖက်၊ ဇော်ဝင်းနဲ့ကျုပ်အမကတစ်ဖက်၊ နိုင်ထွန်းနဲ့ဟန်သာကတော့ လူအုပ်ကြီးထဲမှာလူစုကွဲသွားသည်။

" တေလွန်း.. ပျော်စရာကြီးနော် "

" အင်း... အရမ်းမတိုးနဲ့၊ ခြေထောက်တွေတက်နင်းခံရမယ် "

" အင်းပါ... "

ကျုပ်လည်း ဆင်ပေါက်ကိုဖက်ထားပြီး မဏ္ဍဋ်ကဖွင့်တဲ့သီချင်းသံအတိုင်း ကိုယ်ကိုယိမ်းနွဲ့ကာ ပုရွက်ဆိတ်အုံကြီးလိုလူအုပ်ကြီးထဲကနေ တရွေ့ရွေ့နဲ့ရှေ့ဆက်တိုးနေရသည်။ ဆင်ပေါက်ကတော့ ဘာမှမသိ၊ ရှေ့ကိုဇွတ်တိုးသွားလိုက်၊ ရေကစားမဏ္ဍဋ်ကဖွင့်တဲ့သီချင်းတွေကိုလိုက်ဆိုလိုက်၊ မြူးကြွတဲ့သင်္ကြန်သီချင်းအလှည့်ကျရင်ခုန်ပေါက်ပြီးလိုက်ကနဲ့ ကျုပ်ကပဲ ဒင်းလေး လိုက်ထိန်းနေရတယ်။

" ဦးထူး.. က,လေဗျာ၊ စာခြောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်မနေပါနဲ့... "

တိုးလွင်က သူ့ဘေးကနေကျောက်ရုပ်ကြီးလိုရပ်နေတဲ့အောင်ထူးမော်ရဲ့လက်ကိုဆွဲပြီး ပြောသည်။ တိုးလွင်ပြောလည်းပြောချင်စရာ..၊ အောင်ထူးမော်က သင်္ကြန်လည်ဖို့ကိစ္စတောင် တိုးလွင်ကအတင်းခေါ်လို့သာလိုက်လာရခြင်းဖြစ်သည်။ ကားပေါ်မှာကတည်းက အခုလိုခြေလျင်လျှောက်တဲ့အထိ လုံးဝကျောက်ရုပ်ကြီးလိုတိုးလွင်ဘေးကနေသာ တိုးလွင်ပျော်နေတာကိုကြည့်ပြီးကျေနပ်နေသည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now